MCI လူကြီးရောဂါ တခု
ကျွန်တော် (့) မှာ မာစတာ တတ်နေတဲ့ ကျောင်းသားတယောက်ပါ။ သိချင်တာက သာမန်အသက်ကြောင့်ဖြစ်တာနဲ့ MCI (Mild Cognitive Impairment) ကြောင့်ဖြစ်တာတွေ သိချင်လို့ပါ။ ကျွန်တော် တည တီဗီ ကြည့်ရင်းနဲ့ Dementia အကြောင်းသူတို့ (Celebrities, Presenters and Specialists) ပြောကြရင်နဲ့ သူတို့ပြောတာတွေက ကျွန်တော် ဖြစ်နေတာတွေနဲ့ ဆင်လို့ net ကနေ ရှာဖက်ကြည့်တာ ကျွန်တော် ဖြစ်နေတာတွေ အားလုံးက အဲဒီ MCI နဲ့ သွားကိုက်နေပါတယ်။
သာမန်ကြောင့်ဖြစ်တာထက် ပိုပိုနေတာ သတိထားမိလာတယ်။ မေ့တာတွေ အရမ်း စိတ်လာတယ်။ Thinking and imagination မရတော့တာ ဖြစ်လာတယ်။ တခါတခါ ကိုယ်ဘယ်သွားနေတယ် ဘယ်ရောက်နေတယ် ဆိုတာမေ့မေ့လာတယ်။ ဥပမာ ကိုယ်နေတဲ့လမ်းမှာပဲ လမ်းလျှောက်နေရင်း ဘယ်သွားနေတာ ဘယ်ရောက်နေတာ မေ့မေ့လာတယ်။ Concentration လည်း လုပ်လို့မရတော့ဘူး ဟိုအရင် ငယ်ငယ်က အဖြစ်ပျက်တွေ သိမ့်မမေ့ပေမယ့် နောက်ပိုင်းကိစ္စတွေ လုံးဝမေ့မေ့နေတယ်။ အရင်ကဆို မေ့နေရင်တောင် ပြန် Recall လုပ်လို့ရပေမဲ့ ခုနောက်ပိုင်းကိစ္စ အတော်များများ ဘယ်လိုမှ ပြန်စဉ်းစားလို့ကို မရတော့တာ များလာတယ်။ ပြန်စဉ်းစားလိုက်ရင် ခေါင်းထဲမှာဘာမှမရှိပဲ Blank ကြီးပဲဖြစ်နေတယ်။ သတိထားပြီး မှတ်ထားပေမဲ့ လုံးဝကိုမေ့တာပဲ။ ကျွန်တော့် ကောင်မလေးလည်း တော်တော် သတိထားမိပြီး Specialist နဲ့ တွေ့ဖို့ပြောတာ များနေပါပြီ။ ကိုယ်ဟာကို မသေချာလို့ မတွေ့ဖြစ်သေးပါဘူးဆရာ။ ခုကျွန်တော်အဲဒီ Site ပြောသလို Vitamin B6, B12 and Folic acid သောက်ပါတယ်။ အဲဒါ ဖြစ်နိုင်ရင် ဆွေးနွေး တိုင်ပင်အကြံပေးစေချင်ပါတယ်။
Mild cognitive impairment (MCI) ဆိုတာ ဦးနှောက်ကနေလုပ်ပေးတဲ့ Cognitive impairments စွမ်းရည်မျိုးတွေ တဖြေးဖြေးနဲ့ လျှော့ကျလာတာကို ခေါ်တယ်။ ဒီစွမ်းရည်တွေက အသက်နဲ့ ပညာခံနဲ့ မမျှအောင် နည်းလာမှာ ဖြစ်တယ်။ Cognitive ဆိုတာ အသိတရားလို့ ပြောနိုင်တယ်။ Awareness အသိ-သတိရှိနေတာ၊ Perception ခံစားသိနိုင်တာ၊ Reasoning ဆင်ခြင်တုံတရား ရှိတာနဲ့ Judgment ဆုံးဖြတ်ချက်ချ နိုင်စွမ်းရှိတောတွေ ပါဝင်တယ်။
Emotional and volitional processes တွေနဲ့ မတူဘူး။ စိတ်လှုတ်ရှားမှု မပြောင်းလဲဘူး။ ရချင်စိတ်ဖြစ်ပေါ်တာ၊ လုပ်ဘို့ စိတ်ကူးတာမျိုးတွေ မပြောင်းဘူး။ Volition ဆိုတာ will စိတ်ဆန္ဒ၊ တခုခုကို လုပ်မယ်လို့ ဆုံးဖြတ်နိုင်စွမ်း၊ လုပ်မယ်လို့ ဆိုတဲ့ ရည်ရွယ်ချက်ပါတယ်။ အဲဒါမှာ သတိတရားနဲ့ လုပ်တာရော အကျင့်လိုရနေတာပါ နှစ်မျိုးလုံးပါတယ်။ ဒါတွေဆက်ရှိနေမယ်။
Cognitive capacity အစွမ်းကို Intelligence quotient (IQ) ဆိုတာနဲ့ တိုင်းတာ သတ်မှတ်တယ်။
ဖြစ်သင့်တဲ့၊ ရှိသင့်တဲ့ အသိတရားမျိုးတွေဟာ တဖြေးဖြေးချင်း ယုတ်လျှော့လာမယ်၊ ဒါပေမဲ့ ဝေဒနရှင်ဟာ နေ့တဓူဝ အလုပ်တွေကိုတော့ ဆက်လုပ်နိုင်သေးဆဲ ဖြစ်တယ်။ တချိန်မှာ Dementia ဆိုတဲ့ တကယ် မှတ်ဥာဏ်နည်းလာတဲ့ ရောဂါ ဖြစ်လာနိုင်တယ်။ ဒါ့ကြောင့် MCI ကို လူကောင်းကနေ Dementia အဖြစ်ပြောင်းမဲ့ ကြားအဆင့်လို့ သတ်မှတ်တယ်။ ဒါ့ကြောင့် MCI ကို Incipient dementia နဲ့ Isolated memory impairment လို့လဲ ခေါ်သေးတယ်။
အမေရိကားမှာ ၃-၄% ရှိတယ်။ ၆၅ နှစ်ကနေ ၇၄ နှစ်အထိရှိသူတွေကိုတွက်ရင် ၁၉့၂% ရှိတယ်။ ၇၅-၈၄ နှစ်ကြားဆိုရင် ၂၇့၆% ရှိတယ်။ ၈၅ နှစ်ကျော်ရင် ၃၈% ရှိတယ်။ ယောက်ျားတွေထက် မိန်းမတွေမှာ ပိုအဖြစ်များတယ်။
Memory မှတ်ဥာဏ်၊ Language စကား၊ Thinking တွေးတောမှု နဲ့ Judgment ဆုံးဖြတ်ချက်ချတာတွေမှာ အားနည်းနေမယ်။ မေ့တတ်လာမယ်၊ ချိန်းထားတွေ အမှတ်မရဖြစ်လာမယ်၊ ရထားမမီတာမျိုး ဖြစ်မယ်၊ ဆုံးဖြတ်ချက်တခု ချဘို့ အကြီးအကျယ် လုပ်လာရမယ်၊ သွားနေကျလမ်းကို မမှတ်မိဖြစ်လာမယ်၊ စိတ်ဓါတ်ကျလာနိုင်တယ်၊ စိတ်တိုတာ ဒေါသကြီးတာ ဖြစ်လာနိုင်တယ်၊ စိုးရိမ်စိတ်ကဲလာမယ်၊ ဖါသိဖါသာ နေတာမျိုး ဖြစ်လာနိုင်တယ်။
ရောဂါလက္ခဏာတွေ အမျိုးမျိုးရှိတယ်။
၁။ မှတ်ဥာဏ်ကိုပါ ထိခိုက်လာတာကို Amnestic MCI ခေါ်တယ်။ Alzheimer's disease (အဇာမိုင်ယား) ရောဂါလို ဖြစ်လာမယ်။ ၁ဝ-၁၅% က ဒီရောဂါကို ရောက်သွားတတ်တယ်။ Amnestic MCI ကနေ ၄ နှစ်အကြာမှာ Alzheimer disease ဖြစ်သွားတာ ၅၆% ရှိတယ်။ MCI ကနေ ၆ နှစ်အကြာမှာ Dementia ဖြစ်သွားတာ ၈ဝ% ရှိတယ်။
၂။ မှတ်ဥာဏ်ကို သိပ် မထိခိုက်ဘဲ တခြားနေရာတွေ အားနည်းလာတာကို Non-amnestic အမျိုးအစားခေါ်တယ်။ တမျိုးမျိုး ဒါမှမဟုတ် တမျိုးမက ချို့ယွင်းချက်က ကဲနေတတ်တယ်။
များသောအားဖြင့် ဒီရောဂါရှိနေပမဲ့ အသက်ပိုကြီးလာပေမဲ့ မှတ်ဥာဏ်က တည်ငြိမ်နေတယ်။ Semantic memory နားလည်ခြင်း၊ (အတွေ့အကြုံ နဲ့ မဆိုင်တဲ့) အယူအဆဆိုင်ရာ သုတတွေကို နားလည်ခြင်း၊ လောကကြီးရဲ့ သတင်းအချက်အလက်တွေကို ပြန်မှတ်မိခြင်း၊ (အဖြစ်အပျက်မျိုးကို ပြန်မှတ်မိတာ မဟုတ်ဘူး) တွေ တည်ငြိမ်နေတယ်။ နာမည်လိုမျိုး မေ့လာနိုင်တယ်။ Procedural memory ဘာတွေကို ဘယ်လို အဆင့်ဆင့်လုပ်ရမလဲအသိ၊ လုပ်လဲလုပ်နိုင်တဲ့ အစွမ်းတွေ ဆက်ရှိနေနိုင်တယ်။
အသက်ရလို့ ကျလာမှာတွေကတော့ Working memory သတင်းစကားစုတွေကို Alphabetical order အက္ခရာ အစီအစဉ်လိုက် မတည့်တော့ဘူး။ Verbal and Visuospatial working speed, Memory, and Learning စကားအရာမှာရော အမြင်အရ ခွဲခြားမှု၊ မှတ်ဥာဏ်၊ မြန်ဆန်မှု၊ သင်ယူလေ့လာမှုတွေ ချို့ယွင်းလာတယ်။ Episodic memory ကိုယ့်အတွေ့အကြုံ၊ အဖြစ်အပျက်တွေ မေ့ချင်လာမယ်၊ Processing speed မှတ်ဥာဏ်ကို ဖြစ်ပေါ်စေမှုနှုန်း နှေးကွေးလာမယ်။ Prospective memory နောက်လုပ်ရမှာကို သတိမရဘူး။ ဆေးသောက်ချိန် မေ့နေမယ်။ Age-related decline အသစ်စကားစုတွေကို ရေရှည်မှတ်မိနေရမှာတွေနဲ့ မဆက်စပ်နိုင်ဘူး။ Declines in recollection ပြန်စဉ်းစားဘို့ရာ ခက်လာမယ်။
Clinical observation ကျန်းမာရေးစစ်ဆေးတာ၊ Neuroimaging အာရုံကြောစစ်ဆေးတာ၊ Blood tests သွေးစစ်တာ၊ Neuropsychological testing အာရုံးကြော + စိတ် စစ်ဆေးတာတွေ လုပ်ပြီး ရောဂါ အခြေအနေကို စစ်ဆေးရတယ်။ Magnetic resonance imaging လုပ်ကြည့်တော့ ဦးနှောက်ထဲက Gray matter မီးခိုရောင် နေရာ နည်းနည်းလာတာသိရတယ်။ PiB PET imaging နည်းနဲ့လုပ်ရင် နေရာ၊ အရွယ်အစားတွေကိုပါ သိနိုင်တယ်။
ဘာလို့ ဖြစ်သလဲဆိုတာ လက်ညှိုးထိုးမရတာမို့ ကာကွယ်ဘို့၊ ကုသဘို့လဲ ခက်တယ်။ ဘယ်လို ကုသမလဲ အတိအကျ မရှိပါ။
Alzheimer’s disease ကို ကုနည်းကိုသာ သုံးလေ့ရှိတယ်။ Antioxidants နဲ့ Cholinesterase inhibitors ဆေးတွေကို ဆိုလိုပါတယ်။ Alzheimer disease နဲ့ Dementia ဖြစ်သွားမှာကို နှေးစေတယ်။ ဒါပေမဲ့ လူတိုင်းကို မပေးရပါ။
Crossword puzzles ပဟေဠိဖြေတာမျိုးတွေက တိုးတက်စေတယ်။ Exercises လေ့ကျင်ခန်းလုပ်တာမျိုးက တယောက်ထဲ အေးအေးဆေးဆေးမဟုတ်ဘဲ အပြန်အလှန်သဘော ပါသင့်တယ်။ တကိုယ်ထဲနေရတာမျိုး မကောင်းဘူး။ ဆီးချိုရှိသူ၊ ဆေးလိပ်သောက်နေသူ၊ စိတ်ကျရောဂါရှိနေသူ၊ သွေးတိုးရှိနေသူ၊ (ကိုလက်စထော) များနေသူ၊ ကိုယ်လက်လှုတ်ရှားမှု နည်းသူတွေမှာ ပိုအဖြစ်များတယ်။ အစားအသောက်မှာ Mediterranean diet မြေထဲပင်လယ်စာမျိုးက အဖြစ်နည်းတာသိရတယ်။ အဆီနည်းပြီး အသီးအရွက် များလို့ ဖြစ်မယ်။ ဗီတာမင်တွေ များများ ပေးတာလဲ တိုးတက်စေတယ်။ ၁၆၈ ယောက်ကို စမ်းတာမှာ ဦးနှောက် သေးသွားတာကို ထက်ဝက် သက်သာစေတယ်။ ဗီတာမင် ဘီ အုပ်စုထဲက Folic acid, Vitamin B6, and Vitamin B12 တွေကို ပေးတာဖြစ်တယ်။ Vitamin B အပြင် Vitamin C, Vitamin E, Beta carotene and Ginkgo တွေကိုလည်းပေးသင့်တယ်။ Omega-3 fatty acids ကလဲကောင်းစေတယ်။
မေးတဲ့သူမှာ MCI ရောဂါဖြစ်နေမယ် မထင်ပါ။ အရွယ်ကလဲ ငယ်သေးတယ်။ Memory မှတ်ဥာဏ်၊ Language စကား၊ Thinking တွေးတောမှု နဲ့ Judgment ဆုံးဖြတ်ချက်ချတာတွေမှာ အားနည်းနေမှသာ အခုရောဂါကို စဉ်းစားရမယ်။ Memory loss ဆိုတာကို စဉ်းစားသင့်တယ်။ နောက်တပုဒ် ရေးပါအုံးမယ်။
Dr. တင့်ဆွေ

Comments
Post a Comment