Men on the Chair ကုလားထိုင်ပေါ်က လူကြီးများ

Kyaw Kyaw တ ကို စသတ်က ကိုရှုမောင်ကောင်းမှုလို့ကြားဖူးတာ ဟုတ်ပါသလားဆရာ

မေးခွန်းပါ ကိုရှုမောင်ဆိုတာ ဗိုလ်ချုပ်နေဝင်းကိုပြောတာဖြစ်ပါတယ်။

ဗိုလ်ချုပ်နေဝင်းက တနဲ့ တစ် သတ်ပုံတွေကို တပြေးညီအောင်လုပ်ကြလို့လမ်းညွှန်ကြောင်း မြန်မာစာအဖွဲ့ကထုတ်တဲ့ သတ်ပုံစာအုပ် အရင်ဆုံးထုတ်မှာပါတယ်။ ၁၉၈၁ သြဂုတ်လလို့ဆိုပါတယ်။ နောက်ထုတ်တွေမှာ အဲတာကိုမထည့်တော့ပါ။

သူကတော့ အဲလောက်သာပြောတယ် ထင်ရပါတယ်။ အဲဒီအချိန်က ကုလားထိုင်ပေါ်ကဆရာတွေကနေ တစ်တွေ လုပ်စေလိုက်ပါတယ်။ (နဝတ) လက်ထက်မှာ ဥပဒေကဲသို့ အာဏဏာတည်စေသတည်းလုပ်လိုက်တယ်။ ကနေ့တွေ့သမျှ စာအုပ်တိုင်းမှာ အသစ်ပြင်ထားတဲ့ သတ်ပုံတွေချည်းသာ တွေ့ရပါမယ်။ ကျောင်းသုံးစာအုပ်တွေမှာလည်း အဲဒီအသစ်တွေသာဖြစ်တာကြောင့် ကနေ့ အရွယ်မငယ်တော့သူတွေရော လူငယ်တွေကပါ အဲတာသာမှန်တယ်လို့ ထင်မှတ်နေကြတော့တယ်။ အခုလည်း ကုလားထိုင်ပေါ်ကလူတွေက သိပ်မကွာကြဘူးထင်ပါတယ်။

ကျွန်တော်က မြန်မာစာပညာရှင်မဟုတ်ပါ။
၁။ သဘောမကျတာက အရင်က မှန်ပြီးသား၊ အများလည်းလက်ခံပြီးသား ဥပမာ မြန်မာ့စွယ်စုံကျမ်းထဲပါသတ်ပုံတွေကို ခေတ်ကာလအလျှောက် လွယ်ကူရှင်းလင်းအောင် မွမ်းမံတာ (နမူနာ ဆြာ၊ မိုဃ်း၊ ကျမ္မ၊ သ္ခင်၊ ယ္ခင် စသည်) မဟုတ်ဘဲ ကြိုက်သလိုပြင်တာ ဖြစ်ပါတယ်။ ဥပမာတွေ အများကြီးရေးထားပြီးပါပြီ။

၂။ ပိုပြီးဆိုးတယ်လို့မြင်တာက အဲလိုသတ်ပုံမဟုတ်ရင် ထုတ်ဝေခွင့်ပိတ်တဲ့အထိ ဆိုးသွမ်းခြင်း။

၃။ သဘောမတူဆုံးကတော့ အရင် ဆရာတော်တွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ ရေးသားပြုစုတာတွေကို နောက်လူတွေက သူတို့သဘောကျသတ်ပုံတွေနဲ့ ရိုက်နှိပ်ထုတ်ဝေနေကြတာဖြစ်တယ်။

တချို့ စာအုပ်တွေ၊ ဂျာနယ်တွေနဲ့ အွန်လိုင်းမီဒီယာတွေကနေ မှားခဲ့တာတွေကို ဆက်မသုံးပဲ ပြုပြင်လာကြလို့ ချီးမွမ်းပါတယ်။ မြန်မာစာအတွက် အားတက်ရပါတယ်။

ကုလားထိုင်ပေါ်ကလူကြီးတွေမှာလည်း အာဏာတော်တော်ရှိကြတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး