အဲတာ နဲ့ အဲဒါ

ကွန်မင့်တခု = အဲဒါလို့ ရေးရပါတယ်။ တာဆိုတာ တာတမံ၊ တာဘောင်၊ တာစူ၊ တာထွက်ဆိုတဲ့နေရာမှာ သုံးရတာပါ။

သတ်ပုံစာအုပ်ထဲမှာ အဲဒါရော အဲတာရော မပါပါ။


ဒါ
ဒါကုစီ = ပသီမင်းအမတ်
ဒါနပြုသည်
ဒါနဝတ္ထု
ဒါယကာ
ဒါယိကာမ
ဒါလီကျဉ်းလုပ် မျက်တိချုပ်သား
ဒါသ = ကာလီဒါသ
ဒါသကျွန်
ဒါနေရက္ခိုသ်


အဲ
ဖအဲအရှင်
အဲခို = အားထုတ်သည်
အဲချင်း = နတ်သံ
အဲဗျာ
အဲမွန်တရာ = တလိုင်းအမတ်
အဲမွန်ဒယာ
အဲဗြရဲ
အဲသည် = ရှေကမတိုဘဲ
အဲဂေါင်ဝန် = တလိုင်းအမတ်
အဲတော်

အဲဆိုတာ လက်ညှိုးညွှန်ပြတဲ့အရာ ဒါမှမဟုတ် အရင်ပြောထားပြီးသားအရာကိုပြောတာဖြစ်တယ်။ အဆိုပါ၊ ထိုဟာ၊ ၎င်း၊ ယင်း၊ အနှီ၊ ဤ သဘောဖြစ်တယ်။ အဲသည်လို့ရေးတာကို အဲဒီလို့ပြောတယ်။

အဲဒီဟာကို အဲဟာလို့ပြောကြတယ်။ ဟာဆိုတာ မရေတာတခုခု။ တာက သေချာတယ်။ တာမှာ အဓိပ္ပါယ်ရှိတယ်။ နေရာအကျယ်တခု (ခုနစ်တောင် = တတာ)။ တာလမ်းလို့ခေါ်တာမျိုး။ သူ့တာ ကိုယ့်တာလို့ ပြောကြတယ်။

အဲတာက စာဆန်တယ်။ အဲဒါက စကားပြောဆန်တယ်။ ကျွန်တော်ကို ကျတော်၊ ကျနော်လို့ရေးကြပေမယ့် ကျွန်ဒေါ်နဲ့ ကျဒေါ်လို့မရေးပါ။ ဒါလို့ သုံးတာ ခက်ထန်မှုရှိတယ်။ မာတယ်။ ဒါတို့ပြည် ဒါတို့မြေ။

တ နဲ့ ဒ သမိုင်းကြောင်းလေးရှိပါတယ်။ မြန်မာ့စွယ်စုံကျမ်းမှာပါတဲ့ တို့ဗမာအစည်းအရုံးစာထဲမှာ
ဗမာပြည်သည် - တို့ပြည်
ဗမာစာသည် - တို့စာ
ဗမာစကားသည် - တို့စကား
တို့ပြည်ကို - ချစ်ပါ
တို့စာကို - ချီးမြှင့်ပါ
တို့စကားကို - လေးစားပါလို့ပါတယ်။

နောက်လူတွေက ဒို့လုပ်ကြတယ်။ အဲတာ နဲ့ အဲဒါလည်း ဒီလိုသဘောဖြစ်မယ်ထင်ပါတယ်။ စာရေးတဲ့အခါ တ သုံးပြီး ကြွေးကြော်သံတို့၊ ဝတ္ထုထဲမှာ ဇာတ်ဆောင်တွေစကားပြောတာကို ဒ သုံးကြပါတယ်။ တ ကပိုယဉ်ကျေးပြီး ခန့်တည်တယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁၁-၂ဝ၁၆
၂၆-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး