အေးခဲချိန်

Downtown in the snow. It is cold.

Dr. Tint Swe
26-12-2017

မနေ့က မြို့ထဲသွားတော့ ခြေစခေါင်းဆုံး အလုံအခြုံဖုံးအုပ်ဝတ်ဆင်သွားရတယ်။ အိုဗာကုတ်ဆိုတာ ဒီမလာခင်မှာ ဒေလီကနေ ဝယ်ခဲ့တာ။ ဘယ်လောက်ပေးရ ကျွန်တော်က သိပ်မသိ။ ဇနီးနဲ့ သမီးတို့က သူတို့ဝယ်လာပြီး အတိအကျ ပြောကြတာမဟုတ်။ ကျွန်တော့်မိဘတွေလက်ထက်မှာလည်း လူကြီးတွေကို စားစေဝတ်စေချင်တာဝယ်လာလို့ မေးရင် တန်ဖိုးကို လျှော့ပြောလေ့ရှိကြတယ်။

ကနေ့လည်း အတော်အေးတယ်။ မန္တလေးနေတဲ့ သူငယ်ချင်းတယောက်ကို ထမင်းစားပွဲကြီးပုံနဲ့ တွေ့လိုက်တယ်။ တခြား သူငယ်ချင်းတွေကလည်း ကွန်မင့်တွေရေးကြတာ ဖတ်ရတယ်။ ကျွန်တော်တို့ ဆေးမန်းကသူငယ်ချင်းတွေ အချင်းချင်း ရီစရာမောစရာ ပြောကြတယ်။

ငါတော့ ကော်ဖီနဲ့ ရေနွေးသောက်ချိန်ရှိသေးတယ်။ ဒေါ်တင်တင် အဝတ်လျှော်တဲ့ဆီသွားလေရဲ့။ အပြင်မှာ အတော်ကြီးကို အေးတယ်။ တံခါးဖွင့်ရပိတ်ရတဲ့သူ အသိသာရှိသေးတာ။ မောင့့် လည်း ပါးစပ်ဟမရလောက်။့ တို့ လည်း ကွန်မင့်ရေးဘို့ လက်မထုတ်ရဲလောက်ကြ။ ပုံထဲကဟင်းရည်လည်း ခဲသွားလောက်တယ်။

ဒီအရပ်မှာ အေးတာကိုတော့ လျှော့မပြောပါ။ သူငယ်ချင်းတွေကလည်း လျှော့စားမဲ့သူတွေမဟုတ်ကြ။

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး