Compromised History သမိုင်းကို အစားထိုးခြင်း

သမိုင်းစာတွေအောက်မှာ မကျေနပ်တဲ့သူ ၄-၅ ယောက်တွေ့ပါတယ်။ ဘက်လိုက်မရေးလို့။ သမိုင်းကို ကျွန်တော်က မရေးပါ။ မှတ်တမ်းတွေကို ပြန်စုတာနဲ့ ဘာသာပြန်တာသာလုပ်တယ်။ သုတ၊ သမိုင်း၊ သိပ္ပံစာတွေကို ဘာသာပြန်ရင် တိုက်ရိုက် ပြန်နည်းကို သုံးပါတယ်။ သုံးသပ်ချက်ကိုသာ မြန်မာပြည်နဲ့စပ်အပ်တာ ထည့်ပါတယ်။

သမိုင်းကို လိုသလိုမရေးရပါ။ လိုတော့မှလည်း ထမရေးရပါ။ သမိုင်းစာအုပ်တိုင်းမှာ ၁ဝဝ% မမှန်တတ်ပါ။

ကျွန်တော်က ဆရာဝန်ပါ။ မျိုးဗီဇကို DNA နဲ့စစ်ရကြောင်းသိတယ်။ ရှေးဟောင်းပစ္စည်းတွေရဲ့ သက်တမ်းကို ကာဗွန်-၁၄ ခေါ် Radiocarbon ရေဒီယိုကာဗွန် ခေါ်တာနဲ့ ခန့်မှန်းရပါတယ်။ ပုဂံဘုရားတချို့ရဲ့သက်တမ်းကိုစစ်ရင် အုတ်ချပ်သစ်တွေ အစားထိုးထားလို့ စစ်အစိုးရသက်တမ်းနဲ့ အတူဖြစ်တာ နောင်လာနောက်သားများက တွေ့ကြရပါတော့မယ်။

အမှန်ဆုံးကို အမေကအသိဆုံးဆိုတဲ့စကားရှိတယ်။ တချို့မေးခွန်းမျိုးကို အဲဒီအမေဖြစ်သူကသာ အမှန်ဆုံးကို ဖြေနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁၂-၂ဝ၁၅
၂၆-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး