Thursday, November 17, 2016

Escape လွန်မြောက်နိုင်ကြပါစေ

(အရင် ၂ နှစ်ကရေးတဲ့စာ)

ရောက်နေတဲ့နေရာမှာ ပျော်နေပြီလို့မှတ်ထင်သူတွေ တွေ့ရတယ်။ ကျွန်တော်က အခုနေရာမှာ ပျော်နေပြီလို့ မဟုတ်ပါ။ အရင်နေရာတွေမှာလည်း မပျော်ခဲ့ဘူးလို့ မပြောပါ။ မေးလာသူရှိလို့ ပြန်ပြောပြလိုက်ပါတယ်။

လောကဓံကို ကြံ့ကြံ့ခံပါ၊ လောကဓံတရားကို ပြုံးပြုံးလေးနဲ့ရင်ဆိုင်မယ်စသဖြင့် ပြောလေ့ရှိကြတယ်။ လောကဓံတရား ဆိုတာ ဆိုးတာတွေကိုသာလို့ ထင်မှတ်ကြသူနဲ့၊ မျက်ရည်စက်လက်ဖြစ်ရတာတွေကိုသာ ခေါ်တယ်လို့ ထင်မှတ်ကြသူက များမယ်။

ရှစ်မျိုးရှိပါတယ်။ လေးစုံဖြစ်တယ်။ ဆင်းရဲတာနဲ့ ချမ်းသာတာ၊ ချီးမွမ်းခံရတာနဲ့ ကဲ့ရဲ့ခံရတာ၊ လာဘ်ရတာနဲ့ မရတာ၊ အခြွေအရံများတာနဲ့ နည်းတာ။ ဒီရှစ်မျိုးမှာ ဆိုးတာ၊ ကောင်းတာ၊ ကြိုက်တာတွေကို ကြုံတဲ့အခါ ပြုံးရယ် ပျော်ရွှင်လွန်းသူမျိုးတိုင်းဟာ အနုတ်သဘောတွေကို ကြုံရပြန်တဲ့အခါ ဝမ်းနည်းပက်လက်ဖြစ်မယ်။

လောကဓံအမျိုးမျိုးကို ဘယ်လိုရင်ဆိုင်နိုင်သူဟာ မှန်သလဲ။ တုန်လှုပ်ခြင်းမရှိသူ၊ ကြောက်ရွံ့ခြင်းကင်းနိုင်သူ၊ ရမက်မရှိသူ၊ ဘေးရန်ပါကင်းနိုင်သူဖြစ်ရမယ်။ သဘောပေါက်သူ နည်းပါတယ်။ ဖြစ်နိုင်သူက အလွန့်အလွန်ရှားပါးတယ်။ အဲလိုအထိ ပေါက်မြောက်နိုင်သူကိုသာ လောကကိုအောင်နိုင်သူ၊ လောကသုံးပါးက လွန်မြောက်သူလို့ သတ်မှတ်တယ်။ ကျန်သူတွေထဲမှာ အနု၊ အရင့်တော့ကွာကြတယ်။

လောကဓံတရားတွေနဲ့ကြုံပါစေ၊ တုန်လှုပ်ခြင်းမရှိ၊ ကြောက်ရွံခြင်းမရှိ၊ ရမက်လဲမရှိ၊ ဘေးရန်လည်းမရှိ ဖြစ်ကြကုန်သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များအား ရှိခိုးဦးတင်ပါ၏။ ။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂ဝ၁၄

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အရွက် နှင့် အပွင့်

အရွက်တွေသာ ရှိစဉ်က အတူတူ အစိမ်းရောင်သာ။ ပွင့်လာတော့ အရောင်အမျိုးမျိုး။ အဲလိုပါပဲ။ ကိုယ့်သားသမီးတွေ၊ ကိုယ်စာသင်ပေးလိုက်တဲ့ ကျောင်းသူကျောင...