Our Union သွေးစစ်သားစစ် ချစ်ချစ်ခင်ခင်

လွန်ခဲ့တဲ့ ၃ နှစ်ကတင်တာလို့ ဖေ့စ်ဘွတ်ကအသိပေးတဲ့စာ။

အမျိုး-ဘာသာ-သာသနာဆိုတဲ့ဆောင်ပုဒ်က ဗြိတိသျှကိုလိုနီဆန့်ကျင်ရေးမှာ အတော်ထိရောက်ခဲ့ပါတယ်။ သခင်မျိုးဟေ့ ဒို့ဗမာလည်း အတူတူပဲ။ ခေတ်မတူရင် နိုင်ငံရေးဆောင်ပုဒ်လည်း ပြောင်းတယ်။ ဒီအောင်မြင်မှုရစေခဲ့တဲ့ဆောင်ပုဒ်တွေကို ပြစ်ပယ်လိုက်ဘို့တော့ မဟုတ်ပါ။ တလွဲသုံးဘို့လည်း မဟုတ်ပါ။

ခေတ်တိုင်းမှာ သဘာဝအရတားမရတာတွေနဲ့ လူလုပ်တဲ့ပြောင်းလဲမှုတွေရောနေတယ်။ (ဂလိုဘယ်လိုက်ဇေးရှင်း) က တားဘို့ခက်လို့ ကြံ့ကြံ့ခံဘို့သာလုပ်နိုင်တယ်။ အာဏာရှင်စနစ်နဲ့ စစ်အုပ်ချုပ်ရေးကတော့ လူလုပ်ထားတာ ဖြစ်တယ်။

ကနေ့တကယ့်အဖြစ်ကတော့ စစ်အာဏာရှင်ကလဲ အကုန်မဆုတ်ခွါသေး၊ စိတ်မချရသေး၊ မယုံရသေး၊ စီးပွါးရေးကလည်း အထာမကျသေးပါ။ ကိုလိုနီခေတ်နောက် နှစ် ၆ဝ ကျော်လာတော့ ပြောင်းလဲလာတာတွေကိုပါ ထည့်စဉ်းစားကြရအုံးမယ်။ နိုင်ငံတကာဆက်ဆံရေးမှာ ထူးခြားလာတာတွေကရှိနေတယ်။ ဒီအချက်အလက်တွေပေါင်းစုပြီး အကောင်းဆုံး တည်ဆောက်ကြရမှာပါ။ အတွင်းပဋိပက္ခတွေရော အပြင်ပယောဂကိုပါ ကြည့်ကြရမယ်။

အပြင်ကနေဝင်လာတာတွေထဲမှာ အချုပ်အခြာထိပါးမဲ့အန္တရာယ်၊ အမျိုးဘာသာစော်ကားမဲ့ရန်စွယ်၊ အမျိုးသားစီးပွါး ဗိုက်ဖေါက်စားမဲ့ အစွယ်ငေါငေါတွေက ပေါလှတယ်။ အတွင်းမှာ အကာကွယ်ပေးချင်သလိုလိုနဲ့ မဲရချင်လို့သာ လုပ်ခဲ့သူတွေကို မျက်ဝါးထင်ထင် မြင်ကြပါရဲ့လား။ သမိုင်းကြောင်းမှန်လည်းသိ၊ ရေရှည်ကိုကြည့်၊ ဥာဏ်အမြော်မြင်လည်း ရှိကြပါမှ တော်ကာကြမယ်။ ပေါ်ပင်လောက်နဲ့တော့ ငါးပါးမှောက်ကုန်ကြမယ်။

ပြည်ထောင်စုမြန်မာနိုင်ငံသည် သွေးစစ်သားစစ်၊ မိစစ်ဖစစ် ချစ်ချစ်ခင်ခင်နေထိုင်သူများတိုင်းပြည် ဖြစ်နေရမည်။

ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂ဝ၁၃

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး