ချမ်း နဲ့ ခြမ်း (သို့) စစ်နှင့် ငြိမ်းချမ်းရေး

အမေး = ဝါးခြမ်းနဲ့ ဝါးချမ်း၊ ခွဲခြမ်းစိတ်ဖြာကလာသလားလို့ဆရာ။

ခြမ်း
ခွဲခြမ်းစိတ်ဖြာ လေ့လာပါ၊
တခြမ်းပဲ့၊
ထက်ခြမ်းကွဲသွားပြီ။
လခြမ်း၊
ဝယ်ခြမ်း၊
ဝါးခြမ်းပြား၊
အိုးခြမ်းပဲ့၊
ဝေခြမ်းပေးပါ။
ထက်ခြမ်းခွဲနည်း = ဝါးအရင်း ကွမ်းအဖျား။

ချမ်း
ချမ်းစိမ့်စိမ့်အေး၊
ချမ်းတုန်အောင်အေး၊
ချမ်းငြိမ်းသာယာ၊
ချမ်းသာဆင်းရဲကွာဟာမှု၊
ချမ်းအေးသာဇံ။
ညနေချမ်းဆီ နေရီရီ၊
ငြိမ်းချမ်းရေးရပါစေ၊
ရွှင်လန်းချမ်းမြေ့ပါစေ။
အိမ်လုံးချမ်းသာပင်၊
ကျေချမ်းသွားပြီ။
ကျောချမ်းအောင်ကြောက်နေရ၊
စောင်ချမ်းပင်။
ရေချမ်းစင်၊
စည်းစိမ်ချမ်းသာ၊
ထမင်းချမ်း (ထမင်းကြမ်း)၊
အေးချမ်းပါစေ မြန်မာပြည်။
စစ်နှင့် ငြိမ်းချမ်းရေးစာအုပ် ဖတ်ဘူးသလား။

စစ်နှင့် ငြိမ်းချမ်းရေးဝတ္ထုကြီးသည် စစ်နှင့် စစ်လူတန်းစားကို စွဲဆိုလိုက်သော စွဲချက်ကြီးတခု (စွဲချက်ကြီးတစ်ခု မဟုတ်) ဟု ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာကြီး အီး အမ် ဖောစတာက ရေးခဲ့၏။

အီး အမ် ဖောစတာပြောသကဲ့သို့ စစ်နှင့် ငြိမ်းချမ်းရေးဝတ္ထုကြီးသည် စွဲချက်ကြီးတရပ် (တစ်ရပ် မဟုတ်) ဟုဆိုလျှင် ထိုဝတ္ထုကြီးထဲတွင်ဖော်ပြထားသည့် စစ်ပွဲများသည် ရာဇဝတ်မှုကြီးများ ဖြစ်ကြပေလိမ့်မည်။ ထိုဝတ္ထုကြီးထဲတွင် ပါဝင်လှုပ်ရှားကြသည့် နပိုလီယန်၊ အလက်ဇန်းဒရား အမှူးပြုသော စစ်လူတန်းစားတရပ်လုံး (တစ်ရပ်လုံး မဟုတ်) သည် တရားခံများဖြစ်ကြပေလိမ့်မည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)