Sun Yat-sen ဆွန်ယက်ဆင်

တရုပ်ပြည်ဖခင်လို့ တင်စားဂုဏ်ပြုခံရတဲ့ ဆွန်ယက်ဆင် နှစ် ၁၅ဝ ပတ်လည်မွေးနေ့နေ့ကို ဘေဂျင်းမြို့မှာကျင်းပါတယ်။ တရုပ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ဇီဂျန်းပင်က မိန့်ခွန်းပြောပါတယ်။ သူရဲ့ မျိုးချစ်စိတ်ကို ချီးကျူးတယ်။

ဆွန်ယက်ဆင်ဟာ ၁၈၆၆ မှာမွေးပြီး ၁၉၂၅ မှာ ကွယ်လွန်ခဲ့တယ်။ ကူမင်တန်ပါတီကဖြစ်တယ်။ တရုပ်ပြည်ကြီး ဘုရင်စနစ် (ကွင်မင်းဆက်) အောက်ကနေ လွတ်မြောက်အောင်ခေါင်းဆောင်ခဲ့တယ်။ ပဌမဆုံးသမတဖြစ်တယ်။

သူကဆရာဝန်ဖြစ်လို့ ဒေါက်တာဆွန်ယက်ဆင်လို့ ခေါ်ပါတယ်။ ပြည်ပခိုလှုံရတာ နှစ်ကြိမ်ရှိခဲ့တယ်။ ဂျပန်၊ ဥရောပ၊ ယူအက်စ်နဲ့ ကနေဒါ။ ကျွန်တော်တို့ ၅ တန်းမြန်မာစာဖတ်စာ၊ အာဇာနည် စာအုပ်ထဲမှာ ဒေါက်တာဆွန်ယက်ဆင်အကြောင်း ပါတယ်။ အိန္ဒိယက ဂန္ဒီပါတယ်။ ဖိလစ်ပိုင်က ဟိုဆေး ရီဇော်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းပါတယ်။

ဒေါက်တာတင့်ဆွေ
၁၂-၁၁-၂ဝ၁၆

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး