200-Day ဒေါ်နယ်ထရမ့် ပဌမရက် ၂ဝဝ
အရင်ဆုံးလုပ်မှာက NAFTA မြောက်အမေရိက လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကို ပြန်ပြင်မယ်။ ရက်တရာအတွင်း တရုပ်။ အများစုဟာ ရွေးကောက်ပွဲ ကင့်ပိန်းမှာသူပြောခဲ့တာတွေဖြစ်တယ်။ ကုန်သွယ်ရေးမှာ ပျော့ပြောင်းတာမျိုး မလုပ်တော့ဘူး။ အမေရိကန် အလုပ်သမားတွေနဲ့ ကုမ္ပဏီတွေအကျိုးစီးပွားကို ပဌမအလေးထားမယ်။ ပဌမ ရက် ၂ဝဝ မှာ နေရာ ၅ ခုနဲ့ ထုတ်ကုန်လုပ်ငန်းတွေကိုအာရုံစိုက်မယ်။
NAFTA ကနံပတ်တစ်။ TPP ကဒုတိယ။ ညီမျှမှုမရှိတဲ့သွင်းကုန်တွေက တတိယ။ နောက် ကုန်သွယ်ရေးအလေ့အထ မညီမျှမှုတွေနဲ့ နံပတ်ငါးကတော့ နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်တွေ ဆက်လုပ်မှာဖြစ်တယ်။ ထုတ်ကုန် လုပ်ငန်းတွေမှာ စီးပွားရေးခွန်လျှော့ကောက်မယ်။ ပြည်တွင်းအင်နာဂျီကို အားကိုးတာတွေအပေါ် တားမြစ် ချုပ်ကိုင်မှုတွေကို လျှော့ချမယ်။
ရက်တရာမှာ တရုပ်လာမယ်။ နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီမှုလုပ်မယ်၊ ငွေကြေးကစားသူအဖြစ် တံဆိပ်ကပ်မလား ကြည့်မယ်။ ကုန်သွယ်ရေးလောကထဲကို ထောက်လှမ်းရေးကလူတွေပါ ခေါ်လာမယ်။
ရက် ၂ဝဝ မှာ NAFTA ကနေတရားဝင်ထွက်မယ်။ နှစ်နိုင်ငံသဘောတူညီမှုတွေနဲ့သာ ဆက်စခန်းသွားမယ်။
ဒေါက်တာတင့်ဆွေ
၁၅-၁၁-၂ဝ၁၆
ညနေ ၆ နာရီ၊ ၃၅ မိနစ်။

Comments
Post a Comment