Immigration ထရမ့်-အဖက် အဆက်

နိုင်ငံတခုမှာမွေးဖွါးခဲ့ပြီး တခြားနိုင်ငံကို သွားရောက်နေထိုင်တာကို (အင်မီဂရေးရှင်း) ခေါ်ပါတယ်။ ရောက်တဲ့တိုင်းပြည်မှာ ဥပဒေအရ အဆင့်သတ်မှတ်ပေးခံရမှု အမျိုးမျိုးရှိတယ်။ အမြဲတမ်းနေထိုင်သူ၊ နိုင်ငံသားပြုခံရသူ၊ အလုပ်လာလုပ်သူ၊ နိုင်ငံခြားအလုပ်သမား စသည်။ အဲလိုတခြားနိုင်ငံကိုရွေ့ပြောင်းနေထိုင်ရတဲ့အကြောင်းရင်းတွေကလည်း အမျိုးမျိုး။ ပိုကောင်းမယ်ထင်လို့ပါ။ စီးပွါးရေး၊ လုံခြုံရေး၊ ပညာအခွင့်အလမ်း၊ အလုပ်အကိုင် စသည်။

၂ဝ၁၃ ခုနှစ် ကုလစာရင်းအရ ၂၃၁,၅၂၂,၂၁၅ ယောက်ရှိတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၃့၂၅% ဖြစ်တယ်။ (ယူအေအီး) မှာ အများဆုံးနဲ့ (ကာတာ) ကဒုတိယလိုက်တယ်။ ၂ဝ၁၅ မှာတော့ အမြင့်ဆုံးထိရောက်လာတ.် စုစုပေါင်း ၂၄၄ သန်း။ ၂ဝဝဝ ကနေတွက်ရင် ၄၁% ပိုများလာတာဖြစ်တယ်။ လူတွေအများဆုံး နိုင်ငံ (၂ဝ) မှာရွေ့နေကြတယ်။ (ယူအက်စ်အေ) မှာ ၁၉%၊ ဂျာမဏီနဲ့ ရုရှားမှာ ၁၂ သန်းစီ။ ဆော်ဒီအာရေးဗီးယားမှာ အလုပ်လာလုပ်သူပေါင်း ၁ဝ သန်းရှိတယ်။ ဗြိတိန်မှာ ၉ သန်း။ (ယူအေအီး) မှာ ၈ သန်း။ ၂ဝဝဝ ခုနှစ်နဲ့ ၂ဝ၁၅ ခုနှစ်အတွင်း အာရှကလူတွေ အများဆုံးပြောင်းရွှေ့ခဲ့ကြတယ်။ ၂၆ သန်းရှိတယ်။ အားလုံးရဲ့ ၄၃% ဖြစ်တယ်။ ဥရောပက ၂၅%၊ လက်တက်အမေရိက ၁၅%၊ အိန္ဒိယ ၁၆ သန်း၊ မက်ဆီကို ၁၂ သန်း၊ ရုရှား ၁၁ သန်း။

အဲလိုတိုင်းတပါးကနေ အကြောင်းအမျိုးမျိုးနဲ့ (ယူအက်စ်အေ) ကိုလာနေကြသူတွေမှာ ခွဲခြားဆက်ဆံခံရတာတွေရှိတယ်။
၁။ Business စီးပွါးရေး၊
၂။ Criminal justice system ရာဇဝတ်မှုဆိုင်ရာတရားရေးစနစ်၊
၃။ Education ပညာရေး၊
၎။ Housing နေအိမ်၊
၅။ Labor market အလုပ်သမားဈေးကွက်၊

ဒေါ်နယ်ထရမ့်ဟာ အဲလို တခြားနိုင်ငံတွေက (ယူအက်စ်အေ) ကိုလာနေသူတွေကို သူတက်လာတာနဲ့ နှင်ထုတ်မယ် ပြောခဲ့ပါတယ်။ စုစုပေါင်း ၂ သန်းကနေ ၃ သန်းရှိမယ်လို့သူကတွက်တယ်။ တရားမဝင် လာရောက်နေထိုင်သူတွေလို့ ဆိုပါတယ်။

ကနေ့ ကျွန်တော်စာကူသင်နေတဲ့ကျောင်းမှာ အရင်ကမလုပ်ဘူးတဲ့ အစီစဉ်တခုလုပ်ပါတယ်။ ကျောင်းအုပ်ဆရာမနှစ်ဦးရဲ့ (ဗီဒီယိုမက်ဆေ့) ပြတယ်။ ကျောင်းသူကျောင်းသားအားလုံးဟာ တခြားတိုင်းပြည်ကနေလာနေကြသူတွေချည်းဖြစ်တယ်။ မြန်မာပြည်ကအများဆုံး၊ နောက် စပိန်စကားပြော မက်ဆီကိုနဲ့ အလယ်ပိုင်းအမေရိကကလူတွေနဲ့ မကြာခင်ကတိုးလာတဲ့ ဆီးရီးယားကလူတွေဖြစ်တယ်။ ကနေ့ပြောတာက ခပ်တိုတိုပါ။ ကျောင်းမှာ အားလုံးအတူတူပဲ။ ဘာမှခွဲခြားမှုမရှိ။ အမုန်းစိတ်မရှိ။ မေတ္တာသာရှိ။ အရင်ကလိုပဲဖြစ်တယ်တဲ့။

မေးမကြည့်ပါ။ အဲတာ (ထရမ့်) သက်ရောက်မှု သာဖြစ်ပါမယ်။

ဒေါက်တာတင့်ဆွေ
၁၄-၁၁-၂ဝ၁၆
ည ၁ဝ နာရီ၊ ၂၅ မိနစ်။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး