Thursday, November 17, 2016

ကိုယ်ဘယ်လိုပျက်ပျက်

ကျွန်တော်ကနေ ဘာမဆိုင်ညာမဆိုင် မြန်မာစာနဲ့ သတ်ပုံစာရေးနေတာ အမြင်ကပ်ကြမှာသိတယ်။ စစ်တိုက်ရင် စစ်ကူလိုတယ်။ မဟာမိတ်ရှာရတယ်။ အဲဒီသဘောလို့တော့ မယူဆစေလိုပါ။ နမူနာတော့ ပေးပါရစေ။

သမိုင်းအကြောင်းပြောရင် ဒေါက်တာသန်းထွန်း။ သူက ကိုယ်ပိုင်မူထားရှိသူဖြစ်တယ်။ မနှိုင်းကောင်းပေမယ့် ကိုးကားခွင့် ပြုစေလိုပါတယ်။ ဒေါက်တာသန်းထွန်းက (ပုကံ) လို့ရေးတယ်။ ဒါပေမယ့် (ပုဂံဝန်ထောက် ဦးတင်) အကြောင်းရေးတဲ့အခါ ဦးတင်နာမည်ကို (ပုကံဝန်ထောက်) လို့ ပြင်မရေးပါ။ အဲတာ စည်း၊ အဲတာ မူ၊ အဲတာ လေးစားမှု၊ အဲတာ အမှန်။

ဒေါက်တာသန်းထွန်းက (ပီး) လို့သာရေးတာတော့ ကျွန်တော်က (ပြီး) ကသာမှန်တယ် ထင်တယ်။ ကန်တော့ပါဆရာ။

တချို့ ခေတ်စာရေးဆရာ၊ ကဗျာဆရာ၊ ဘာသာပြန်ဆရာ၊ မီဒီယာဆရာ၊ သတင်းစာဆရာတွေကနေ အရင်က ရေးထားပြီးသား စာတွေကို ကိုယ်ပိုင်သတ်ပုံတွေနဲ့ (သတ်) နေကြတာကိုပြောနေတာဖြစ်တယ်။ ကိုယ့်စာကိုယ် ကြိုက်သလိုရေးတာ မပြောချင်လှပါ။ (ပြောချင်တာတော့ မငြင်းပါ။) ငါရေးတာသာမှန်၏လို့ မလုပ်သင့်ကြောင်းပါ။ အဲတာထက်ဆိုးတာက အရင်ရေးတာတွေကို လိုက်ပြင်နေတာ။ ဦးဖိုးကျားမွေးတဲ့ တိုင်တရာကို တိုင်တစ်ရာလုပ်ထားတယ်။

ဦးနုက ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့တဲ့။ ကျွန်တော်ပြောနေတာက ကိုယ်ဘယ်လိုပျက်ပျက် အရင်ဟာတွေကို မပျက်စေနဲ့။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အမည်ကစ မှားတဲ့ ဆေးနည်း

၁။ အောင်မဲညို ပန်းပွင့်က ကင်ဆာရောဂါဖြစ်မဖြစ်အငြင်းပွားနေကြတယ် ဆရာ။ ဆရာ ရှင်းပြပေးတာလေ သိချင်ပါတယ် ခင်ဗျ။ ၂။ အောင်မဲညို အပွင့်က အဆိပ် ရှိ...