Debt အကြွေး

အင်္ဂါ မေ = တခြားနေရာကမမေးတတ်ပါ messenger ကမေးပါသည်မဖြေပါ

OCT 4TH, 9:45AM နေ့ကမေးထားတာကို အခုကွန်မင့်ရလို့ ဖွင့်ကြည့်တော့မှသာ သိရတယ်။ ဖရင်း ထဲက မဟုတ်သူတွေကရေးရင် မက်ဆေ့ခ်ျ ဟာ ဖစ်လ်တာ ကနေလာသတဲ့။ တယောက်ကပြောပြလို့ ဖုန်းကနေ အဲလိုဟာတွေ လိုက်ရှာရတယ်။ တွေ့တာကို အဆက်ပ် အရင်လုပ်မှ ကျွန်တော့် ဘောက်စ် မှာပေါ်လာတယ်။ အဲလိုဖြစ်ခဲ့တာ ၂ဝ၁၅ မတိုင်ခင်တည်းကနေ အခုထိ စုစုပေါင်း တထောင် (တစ်ထောင် မဟုတ်) ကို အဆက်ပ် လုပ်ထားရပြီးပြီ။ အဆက်ပ် လုပ်ထားပြီးရင် ကွန်ပြူတာကနေပြန်ဖွင့်ပြီး ဖြေရတယ်။ ဒီမေးခွန်းက မဖြေရသေးကြောင်း အခုမှသာသိရတယ်။ ဆောရီး။

မေးခွန်းက အခုအခြေအနေနဲ့ ကိုက်ညီသေးလား မသေချာလို့ မဖြေသေးပါ။ ဆောရီး။

အဲလိုဖြစ်ရင် တချို့ အထင်လွဲကြတယ်။ တချို့က တမျိုး (တစ်မျိုး မဟုတ်) ထင်ကြတယ်။ ဆောရီး ပေါင်းများစွာ ရေးခဲ့ရပြီးပြီ။

ကျွန်တော်က အကြွေးယူထားပြီး ပြန်မဆပ်နိုင်သူလို ကိုယ့်ကိုယ်ကို ခံစားရတယ်။ အကြွေးရှိနေမှန်း မသိတော့ အတိုးတွေကတက်နေပြီ။ ဆောရီး။ အဲလိုဟာတွေ ဘယ်လောက်များလဲ မသိသေးပါ။ ခါးမှာတော့ အလေးဆွဲခံထားရသလိုပဲ။

ဒေါက်တာတင့်ဆွေ
၂၄-၁၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး