Harvest season မောင်းညိုချိန်

မက်ဆေ့ခ်ျတခု လွန်ခဲ့တဲ့နှစ် ဒီရက်မှာရခဲ့တယ်။ ကိုင်းညွှတ်နေတဲ့စပါးနှံ = ဆရာ

ကျွန်တော်က ငါးနှစ်သားအထိ တောင်သူလယ်သမားသားဖြစ်ပေမဲ့ တောင်သူလုပ်ငန်းဆိုလို့ ဆော့ချင်လို့ ထွန်းတုံးပေါ် တက်လိုက်ဖူးတာနဲ့ ဆီဆုံပေါ်တက်စီးဖူးတာကလွဲရင် တောင်သူလုပ်ငန်းကို ဘာမှမသိပါ။ သိတဲ့သူတွေကို ငယ်ကတည်းက အလွန်မတန်အံ့သြ အားကျမိတယ်။

၁၉၉ဝ ရွေးကောက်ပွဲမှာ ပြိုင်ဖက် တစညပါတီရဲ့အမှတ်အသားဟာ စပါးနှံဖြစ်ပါတယ်။ ၁၉၇၃-၇၄ ဖေါင်ကြီးသင်တန်း၊ ဇေယျ (၁၉) တက်ရတုံးက စိုက်ပျိုးရေးဘာသာရပ်လက်တွေ့မှာတော့ စပါးရိတ်ခဲ့ရဘူးတယ်။ စပါးရိတ်ချိန်ကျတာကို မောင်းညိုချိန်ကျပြီလို့ခေါ်သတဲ့။ စပါးနှံတွေကလေးလံလာပြီး၊ အနှံတွေက အောက်ကို ငိုက်ကျလာချိန်ဖြစ်တယ်လို့ မှတ်သားရပါတယ်။ ပြည့်မှည့်လာပြီ။

စိုက်ပျိုးရေးသိပ္ပံအရ (စာတွေ့) ရေငွေ့ဓါတ်ပါဝင်မှု ၂ဝ-၂၅% ရှိရမယ်။ အဆံဟာ မာတင်းနေရမယ်။ ဆုပ်ကြည့်ရင် ကျွတ်ဆတ် ကျိုးလွယ်မနေရပါ။ အနှံအရောင်ဟာ ၈ဝ-၈၅% ကောက်ရိုးဝါရောင်ဖြစ်နေရမယ်။ စပါးစိုက်အပြီး သက်နု = ၁၁ဝ ရက်၊ သက်လတ် = ၁၁၃-၁၂၅ ရက်နဲ့ သက်ကြီး = ၁၃ဝ နဲ့ ၁၃၆ ရက်မှာရိတ်ရမယ်။ အခြောက်ဆိုရင် စပါးနှံ စတွက်လာချိန်နောက် ၂၈-၃၅ ရက်နေရင် ရိတ်ရမယ်။ အစိုရိတ်ဆိုရင် ၃၂-၃၈ ရက်နေရင် ရိတ်ရမယ်။

၂ဝ၁၅ ရွေးကောက်ပွဲတုန်းက ရေးခဲ့တယ်။
- တံစဉ်တွေ ပြင်ထားကြတော့။
- မြွေပွေးလည်း သတိထားကြလော့။
- စပါးနှံကို တခါရိတ်ဖူးတော့ အားရှိတာပေါ့။

တမြန်နေ့က ရွာကနှမတယောက်ဆီ ကျွန်တော့်ဇနီးက ဗိုင်ဗာဖုန်းနဲ့ စကားပြောရတယ်။ သူ့ခင်ပွန်းနဲ့သား စပါးရိတ် သွားနေကြတယ်တဲ့။ စပါး စိုက်သူ၊ ရိတ်သူ၊ စားသုံးသူတွေ ကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး