World Television Day ကမ္ဘာ့ ရုပ်မြင်သံကြားနေ့

နိုဝင်္ဘာ (၂၁) ရက်နေ့ကို ကုလသမဂ္ဂကနေ ၁၇-၁၂-၁၉၉၆ နေ့စွဲပါ ဆုံးဖြတ်ချက်အမှတ် ၅၁/၂ဝ၅ အရ ကမ္ဘာ့ ရုပ်မြင်သံကြားနေ့လို့ သတ်မှတ်ထားပါတယ်။ ၁၉၉၆ နိုဝင်္ဘာလာ (၂၁) နေ့ကတည်းကစတာပါ။ တယ်လီဗီးရှင်း ကနေတဆင့် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ စီးပွါးရေး၊ လူမှုဖွံ့ဖြိုးရေးနဲ့ ယဉ်ကျေးမှုဖလှယ်တာတွေလုပ်နိုင်ကြလို့ အထူးပြုတာဖြစ်ပါတယ်။

သဘောမတူသူတွေလည်းရှိတယ်။ World Press Freedom Day; World Telecommunication Day; and World Development Information Day တွေရှိထားပြီးပြီလို့ ထောက်ပြပါတယ်။

ကျန်းမာရေးမေးကြသူတွေက TB တီဘီရောဂါကို တီဗွီလို့ရေးတာ သိပ်မနည်းလှပါ။ မျက်စိကျန်းမာရေးစာတပုဒ်မှာ တီဗွီတွေ၊ ကွန်ပြူတာတွေမပေါ်ခင်က လူ့မျက်စိဆိုတာ Hunters' eyes မုဆိုးမျက်စိလို သုံးဘို့သာလိုခဲ့တယ်လို့ ရေးထားပါတယ်။

ကွန်ပြူတာမျက်နှာပြင်နဲ့ မျက်စိနဲ့ ၂ဝ-၂၄ လက္မ ကွာပါစေ။ Screen အလည်မှတ်ဟာ မျက်စိရဲ့ အောက် ၁ဝ-၁၅ ဒီဂရီ နိမ့်နေသင့်တယ်။ TV screen တီဗွီမျက်နှာပြင်နဲ့ဆိုရင် တီဗွီဒေါင့်ဖြတ်အတိုင်းအတာကို ၅ နဲ့ မြှောက်လို့ရတဲ့ အကွာအဝေးကနေသာ ကြည့်ဘို့သင့်တယ်။ ဥပမာ လက္မ ၂ဝ တီဗွီကို လက္မ ၁ဝဝ (၈ ပေ) အကွာကနေကြည့်ပါ။

မေ့မရတာလေးတခုလည်းရှိသေးတယ်။ ၁၉၉ဝ ဒီဇင်္ဘာလထဲမှာ ကျွန်တော့်ကို စစ်ထောက်လှမ်းရေးတွေက လာဖမ်းတော့ ကျွန်တော်က ည (၈) နာရီတိတိ မြန်မာ့ရုပ်မြင်သံကြားသတင်းလာချိန်၊ ညစာစားနေချိန်ဖြစ်ပါတယ်။ သူတို့က တိုင်းပြည် အခွန်ငွေစားပြီး ကျွန်တော့် အထာတွေကို လိုက်မှတ်ထားကြတာ။ အဲဒီနေ့ ညစာထမင်းစားမပြီးခင်မှာ ထွက်ပြေးခဲ့ရတာ ကျွန်တော် အခုထိ ပုလဲအိမ်ကိုပြန်မရောက်နိုင်သေးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး