Saturday, November 19, 2016

ကောင်းကင်မိုးဝယ် နီလာခြယ်နှင့်

နဲ့
သွားတချောင်း နဲ့နေသည်။
နုန့်နဲ့သည်။
တိုင်နဲ့နေပြီ။
ထော့နဲ့ထော့နဲ့ သွားနေသည်။
စီးပွားရေးက ချည့်နဲ့နဲ့။
တောင်ကန် မြောက်ကန်နဲ့။

နှင့်
မောင်ဘနှင့် မောင်လှ။
အမေးနှင့် အဖြေ။
တစ်နှင့် နှစ် ပေါင်းပါ။
ကားနှင့်သွားသည်။
သွားနှင့်ပြီ။
သူ မလာသည်နှင့် ပြန်သွားပါသည်။
မြောက်လေနှင့်အတူ ဆောင်းဝင်လာပြီ။

မြက်ရိတ်သမား (ဇော်ဂျီ)

နေစာလှုံ၍
လူ့ဘုံလောက နိုးခါစတည့်
ချိုးက သံရှည် တောဘွဲ့သီ၍
ဤမှာ မြေပြင် မြစိမ်းဆင်လျက်
ကောင်းကင်မိုးဝယ် နီလာခြယ်နှင့်
အိုဘယ်လူသား နှစ်ရောင်ခြားဝယ်
ခံ့ညားပေစွ ခံ့ပေစွ။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

မုန်း

တင့်တင့်ပပ သင့်အလှကို ဗန်းပြဂုဏ်တင် တန်ဆာဆင်၍ အစဉ်အမြဲ ဘဝင်ထဲဝယ် လှိုက်လှဲငြိငြိ ကိုယ်ချစ်မိ၏။ ကြည်ကြည်မြမြ ရှုမဝသည့် ထွန်းပသစ်သစ် လှ...