The Gate ရွှေတံခါးကြီး

နေမဝင်အင်ပါယာ။ အင်္ဂလိပ်ကိုလိုနီအင်ပါယာ တန်ခိုးထွားတာကို ထင်ဟပ်တဲ့ဖေါ်ပြချက်က အတော်ထိမိပါတယ်။

ကျွန်တော်နေတဲ့ဆီမှာ မနှစ်က ဒီနေ့မှာ နှင်းကျလာတာကိုရေးတော့ မြန်မာပြည်မှာ ပူနေဆဲလို့ပြန်ရေးတာ ဖတ်ရတယ်။

ကျွန်တော်တို့ရဲ့ ဒုက္ခသည်အင်ပါယာမှာလည်း နေမဝင်ပါ။ ယူအက်စ်အေမှာရော၊ သြစတေးလျနဲ့ နယူးဇီလန်မှာရော၊ ဂျပန်၊ တရုပ်နဲ့ ကိုရီးယားမှာရော၊ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်နဲ့ နယ်သာလင်။ ဂျာမဏီ၊ ပိုလန်၊ ပြင်သစ်၊ ဗီယာနာနဲ့ မော်စကိုမှာရော၊ အရှေ့တောင်အာရှမှာ အများဆုံးနေထိုင်ကြတယ်။ ဥတုသုံးပါးလုံးနဲ့ပါ အကြုံးဝင်သေးတာ။

ဥတုသုံးလီ၊ ရာသီဆယ်နှစ်ပါး၊ 
နေသွားလမ်းအကုန်၊ ဝန်ရိုးစွန်းတစုံ၊ 
ကမ္ဘာကုန်ကျယ်၊ မြန်မာဒုက္ခသည်၊
ရွှေပြည်မယ် ရွှေတံခါးကြီးဖွင့်ထားပြီတဲ့ကွယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး