Elephant ဘာဆင်လဲ

မြန်မာပြည်မှာ ဒေါင်ဒါင်မည်ရင် ကောင်းတဲ့အိုး၊ တောင်ကလာမှမိုးလို့ မှန်းကြည့်ရင် တန်းသိနိုင်တယ်။ ဒေလီမှာက တောင်ရယ် မြောက်ရယ် ပြောမရ။ အခုလိုဆောင်းဝင်ပြီဆိုရင် မိုးတခါရွာပြီးရင်တော့ ပိုအေးလာတယ်။

အခုနေတဲ့အရပ်မှာ မိုးလေဝသသိဘို့ရာ တောက်တဲ့ကမရှိ။ တောင်အရပ်က မိုးတိမ်မြင်တာနဲ့ မိုးရွာမယ်လို့ တပ်အပ်ပြောမရ။ အဲ့ တီဗွီမှာကြေညာတယ်။ ဖုန်းမှာလာတယ်။ ကားမောင်းနေရင်း အက်ဖ်အင်မ်ရေဒီယိုကနေ အသိပေးတာရတယ်။ အခုပဲ မိုးတွေရွာချနေတယ်။ လေပါ ပါလာတယ်။ အေးလာမယ်လို့တော့ မပြောတတ်။ နောက်တက်မယ့်သမတလိုပဲ အမှန်းရခက်တယ်။

ရာဟုဆိုတာ မြန်မာ့အယူဆ ပါပဂြိုဟ်လို့လည်းခေါ်ပါသတဲ့။ ဗုဒ္ဓဟူးနေ့မွန်းလွဲကနေ ညသန်ကောင်ယံအထိတဲ့။ အမေရိကန်ရွေးကောက်ပွဲ မဲရေပြီးတာကလည်း ဗုဒ္ဓဟူးနေ့ (မွန်းမလွဲခင်ကပါ)။ ဗေဒင်ပညာမှာ ရာဟုဂြိုဟ်ခွင်ရဲ့ အမှတ်အသားက ဟိုင်းဆင်တဲ့။ ရီပတ်ဘလီကင်ပါတီ အမှတ်အသားကလည်း ဆင်ပဲ။ အိုဘားမား ဆန်ရှင်တွေ ရုပ်လိုက်တော့ နေပြည်တော်က ဆင်ဖြူတော် အဲဒီရောက်လာသလားမသိ။

ဒေါက်တာတင့်ဆွေ
၁၈-၁၁-၂ဝ၁၆
ည ၈ နာရီ၊ ၅၃ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး