Bitter Pills ငှက်ဖျားဆေး

မိုးခါးရေမသောက်ဖို့ သတိပေးကြတယ်၊
သည်တခါတော့ ဆေးခါးကြီးသောက်ရလိမ့်မယ်၊
ဗူးခါးရေသောက်ဖူးသူတွေကတော့ မှုကြမှာမဟုတ်ပါ၊
ရေဗူးပေါက်တာမလိုဆိုသူတွေကတော့ ဘူးခံကြလိမ့်မယ်၊
ကြမ်းကြားလေနဲ့ နေကြရသူတွေအတွက် မနက်တပြား၊ ညတပြား၊ ငါးနှစ်စား၊
အများအတွက်သောက်ရတဲ့ဆေးခါး၊
သွားရော့ ငှက်ဖျား။

မနှစ်က ဒီနေ့မှာ ရေးခဲ့တာ။ ညတုန်းက ဖရင်းထဲကတယောက်က မေးတယ်။ ဆရာ လက်ရှိအစိုးရ အခြေအနေ ဟန်ပါမလားတဲ့။ လူတွေက တိုက်ပွဲတွေကိုကြည့်ပြီး စစ်တပ်ကိုအားကိုးချင်သလိုတွေ ပြောလာကြတယ်တဲ့။

စစ်တပ်မှာရော၊ အင်နယ်လ်ဒီမှာရော၊ တိုင်းရင်းသားလက်နက်ကိုင်တွေမှာရော။ သမိုင်းကြောင်းကိုယ်စီ နှစ်ပေါင်းများစွာ ရှိကြတယ်။ မနေ့တနေ့က ဖြစ်တာပျက်တာလေးနဲ့တော့ အားကိုးအားထားပြုလောက်တဲ့သမိုင်း၊ ညစ်ထေးခဲ့တဲ့သမိုင်း မပျောက်စေပါ။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၅

Comments