ဆူပါ အမှား

ကွန်မင့်တခု = စူပါမာကက်က ရောင်းတာတွေ ကင်ဆာဖြစ်နိုင်ပါသလား။

မေးခွန်းတခု = ဆရာရှင့် သမီးရဲ့အမျိုးသားက လူကအရမ်းမဝပေမဲ့ ဗိုက်က သာမန်ထက်တော့ ဆူပါတယ်။့

စူ နဲ့ ဆူ ရေးတာ အတော်မှားနေကြတယ်။

စူ
စူကာသီး။ နှုတ်ခမ်းစူသည်။ စူလာနဖါပင်။ စူဠာသမ္ဘဝ။ စူဠမဏိစေတီ။ စူဠာမဏိလို့ရေးရတယ်။ စူဠာမုဏိလို့ရေးတာလည်း တွေ့ပါတယ်။

ဆူ
ဘုရားတဆူ။ ဆူဆူပူပူမလုပ်ပါနှင့်။ ရေနွေးဆူနေပြီ။ ဆူညံသံက နားအကြားကို ထိခိုက်စေနိုင်သည်။ ဆူပါပါဝါ။ ဆူကြုံနိမ့်မြင့်မခွဲခြားသင့်။ ဆူလွယ်နပ်လွယ်။ ဆူဖြိုးသည် (တကိုယ်လုံးပြည့်ဖြိုးသည်၊ စီးပွားရေးကောင်းသည်)။

ဆူပါမာကက်၊ ဆူပါမင်း၊ ဆူပါပါဝါ၊ ဆူပါမွန်း စဖြင့်သာ Super ကို အသံထွက်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး