We Are! လူအမျိုးမျိုး အပြောအမျိုးမျိုး

တပ်မတော်ထဲအမှုထမ်းဘူးပြီး မွေးကတည်းက စကားပြတ်ပြတ်ပြောတတ်တဲ့ ဦးဝင်းထိန်အပြောကို လူတွေက ပြောနေကြလို့ ဝင်ရောဦးမယ်။

နိုင်ငံရေးထဲရောက်လာတဲ့ ရှေ့နေကတော့ သူ့အမှုသည်နိုင်ဘို့သာ မျက်စိမှိတ်ပြောတယ်။

တပ်မတော်ထဲကနေ မွေးကတည်းက အာဏာရှိနေရာနေခဲ့ရာကနေ ဆင်ပိန်ကျွဲဖြစ်လာသူမျိုးကတော့ ရွံ့အိုင်မှာလူးတယ်။

ကံမကောင်းလို့ နိုင်ငံရေးထဲဝင်ပါလာတဲ့ဆရာဝန်ကတော့ ရောဂါဇစ်မြစ်လိုက်ရှာ၊ လက်လှမ်းမီတဲ့ဆေး ပေးတယ်။ အရပ်နည်းသာ အားကိုးသူတွေက ရှားတာမဟုတ်။

အဲလိုလူတွေ စုပေါင်းနေထိုင်တာကို မြန်မာပြည်လို့ခေါ်တယ်။ အနည်း အများတော့မတူပါ။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၆

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး