Monday, November 21, 2016

Bad smell in nose နှာခေါင်းအနံ့ဆိုး

ဆရာရှင့် သမီးက ဆရာ့စည်းကမ်းချက်တွေကိုမသိပါဘူး။ စည်းကမ်းမကျခဲ့ရင် ခွင့်လွှတ်ပေးစေချင်ပါတယ်။ သမီးရဲ့တူလေးက အသက် ၃ နှစ်ပါ။ နှာခေါင်းထဲကအနံ့ထွက်နေပါတယ်။ အပုပ်နံ့ပါ။ အပြင်ဆရာဝန် ၃ ဦးရှိပါပြီ မသက်သာပါဘူး။ နှာခေါင်းထဲကိုဆေးထည့် စားဆေးပေးပါတယ်။ ကလေးက မနာဘူးပဲပြောနေပါတယ်ဆရာ။ ကြာပါပြီ ၁ လလောက်ရှိပါပြီ။ ကျေးဇူးပြုပြီးပြန်ဖြေပေးစေချင်ပါတယ်ရှင့်။

အကြောင်းရင်းကိုရှာရမယ်။ တခုချင်းအလိုက်ကုသရတာမတတူပါ။ တခုခုနှာခေါင်းထဲ ဝင်နေသလား။ ဆိုင်းနပ်ခေါ် အရိုးခေါင်းထဲကလေအိတ်လေးတွေ ရောင်နေသလား။ အိပ်ရင်ဟောက်တာများသလား။ နှာခေါင်းထဲ အသီးရှိနေသလား။

အနံ့ဆိုးဟာ ပုပ်သိုးနေတာမျိုး၊ အသားငါးညှီနံ့မျိုးဖြစ်နိုင်တယ်။ တခုခုနှာခေါင်းထဲ ဝင်နေရင် နားနှာခေါင်းအထူးကု ဆရာဝန်နဲ့ ပြသင့်တယ်။ အတွင်းထဲရောက်အောင် ထိုးမထည့်ရပါ။ ဆွဲထုတ်လို့ရရင်ထုတ်ပါ။

Post Nasal Drip နှာခေါင်းနောက်ပိုင်းက နှာရည်ယိုခြင်းကလည်း ဖြစ်စေနိုင်တယ်။ ပိုးဝင်လာရင် နံမယ်။ viral and sinusitis infection ဗိုင်းရပ်စ်ကနေဖြစ်တာများတယ်။ decongestants ဆေးတွေသုံးနိုင်တယ်။ ဗက်တီးရီးယားဆိုရင် ပိုးသေဆေးပါလိုမယ်။

Sinusitis ဆိုင်းနပ်စ်ကလည်းဖြစ်တယ်။ အအေးမိတာကနေစတယ်။ ဆေးနည်းတွေကများတယ်။ ဆားရည်စက် နှာခေါင်းထဲချပေးတာကောင်းတယ်။ မျက်နှာကိုရေနွေးငွေ့ပေးတာလည်း အထောက်အကူရတယ်။

Polyps အသီးပိုဖြစ်တာ ကင်ဆာမဟုတ်ပါ။ နှာခေါင်းမှာ ဆို့နေမယ်။ နှာရည်ယိုမယ်။ အနံ့ကောင်းကောင်းမရဖြစ်မယ်။ အိပ်ရင်ဟောက်မယ်။ ခေါင်းကိုက်မယ်။ nasal corticosteroids ကော်တီဇုန်းပါဆေးနှာခေါင်းထဲ ရက်တို (တပါတ်) ထည့်တာကောင်းတယ်။ ခွဲထုတ်ဘို့လိုနိုင်တယ်။

Ozena နှာခေါင်းရောင်ခြင်းတမျိုးကနေလည်းဖြစ်တယ်။ ပိုးဝင်လို့ဖြစ်တာများတယ်။ glycerine နဲ့ glucose ပါအစက်ချဆေးညွှန်တယ်။ ဆားရည်နွေးကောင်းတယ်။ ပိုးသေဆေးလိုတယ်။

Rhinoscleroma နှာခေါင်းရောဂါလည်းရှိတယ်။ ခွဲရနိုင်တယ်။ clindamycin နဲ့ cephalosporins ဆေးတွေပေးတယ်။

Adenoiditis ရောင်ခြင်းရောဂါကလည်း ပိုးတွေကနေဖြစ်စေတယ်။အလာဂျီကနေလည်း ဖြစ်တယ်။ ပိုးသေဆေးတွေ ပေးမယ်။ လိုအပ်ရင် ခွဲရတယ်။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဈေးကြီးသော ပန်းချီဆရာဝန်

လွန်ခဲ့တဲ့ ၂၈ နှစ်ကသိမ်းထားခဲ့တဲ့ သံသေတ္တာလေးကို ဖွင့်တော့ အထဲမှာ ရေဆေးပန်းချီကားလေးတချပ်တွေ့တယ်။ ကျွန်တော့်လက်မှတ်ပါပေမဲ့ နေ့စွဲမပါ။ ပန်းခ...