Eyes on the Moon လမဝင်အင်ပါယာ
Eyes on the Moon လမင်းမှာ
တမြို့တရွာစီမှာနေတဲ့သူအချင်ချင်း၊ လမင်းမှာ မျက်နှာချင်းဆုံမယ်ဆိုတဲ့အသုံး ငယ်တုန်းကဆို အင်မတန်ကို ခေတ်စားခဲ့တာ။
ခုနေမှာ တပြေတရွာလည်းမကပါ၊ သမုဒ္ဒရာချောင်းမြောင်း၊ ပြည်ရွာထောင်သောင်း၊ မိုင်ပေါင်းသောင်းကျော်၊ ဒီမှာလပေါ်ရင် မြန်မာပြည်မှာက နေအတော်မြင့်နေပြီ။ အဲဒီမှာ အိပ်စက်ကုန်ကြ၊ ကိုယ့်မှာကအိပ်ယာထ၊ လမင်းမှာဆုံချင်လို့မရပါ။
လမျက်နှာမှာ ကျွန်တော့်စာထားခဲ့ချင်တာ။ နေဝင်တဲ့အခါ ထွက်လာမယ့်လကို ထကြည့်လိုက်ပါ။ ကောင်းကင်ပြာပြာ အနောက်အရပ်မှာ သောကြာကြယ်အနားမှာ လဝါဝါတွေ့ကြမှာပါ။ လမျက်နှာမှာ ဆုတောင်းစာကလေး ဖတ်ပေးကြပါ။
လအလင်းမှာ ကျန်းမာခြင်းဆု အခုရကြစေဗျာ။ နေအလင်းမှာ အချင်းချင်းယိုင်းပင်းကြပါ။ ကျွန်တော်မလိမ္မာ ဆုံးမကြပါ။ ကိုယ်တိုင်မလိမ္မာသေးလည်း ဆုံးမပေးပါ။ အားလုံး ကျန်းမာ၊ လိမ္မာ၊ လမဝင်အင်ပါယာ အတူဆောက်ကြအောင်ဗျာ။
ဓါတ်ပုံထဲမှာ ၂၂-၆-၂ဝ၁၅ နေ့ အင်ဒီယာနာပိုးလစ်မြို့ ဒေသစံတော်ချိန် ည ၁ဝ နာရီ ၃၈ မိနစ်၊ လနဲ့ သစ်ကိုင်း အကွေးဝိုင်းလေးထဲမှာ သောကြာဂြိုဟ်ကို တွေ့နေရတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment