Cough and Cold အေးလာပြီဆိုရင်
ဒီမှာက အေးလာပြီ။ ကျွန်တော်က အေးတဲ့ရာသီဥတုဆို သတိထားရတယ်။ ခြေ-လက်-ရင်ပတ် အေးနေတာ နေမကောင်းလို့။ အမြဲ အဲဒီသုံးနေရာကို မအေးအောင်လုပ်ထားရတယ်။ နှာချေရင် သိပြီ။ ဗိုင်းရပ်တွေ ဝင်ချင်နေလို့။ သတိသာထားပေတော့။ ကျွန်တော်က နှာချေတိုင်း အများအားဖြင့် ၃ ခါတိတိ။ နေ့လည်ကတော့ ၄ ခါ။
ကျွန်တော် နည်းနည်းချောင်းဆိုးချင်သလိုဖြစ်တာသိလို့ တခြားနိုင်ငံတခုမှာနေတဲ့ ဆရာဝန်သူငယ်ချင်းတယောက်က ဆေးနည်းလှမ်းပေးနေတယ်။ ပျားရည်လက်ဖက်ရည်တဇွန်း + နနွင်းမှုံ့ ဇွန်းတဝက် + ငရုပ်ကောင်းနည်းနည်းကို ရေခပ်နွေးနွေးထဲရော။ တနေ့ ၂ ကြိမ်တဲ့။ ကျေးဇူး။
ကျွန်တော် မနေ့ကတည်းက ငုံတဲ့ဆေးတထုပ်ဝယ်ထားတယ်။ ပျားရည်၊ သံပုရာ၊ ပရုပ်ရောထားတာ။ အခုလည်း လျှာအောက်မှာ။ မနက်တိုင်းလည်း ဆားရေနွေးနဲ့ ခံတွင်းသန့်ရှင်းပါတယ်။ ပိုးသေဆေးတွေ မလိုပါ။ ကျွန်တော့်မှာ ချောင်းဆိုးတာနဲ့ လည်ချောင်းရှင်းရတာဟာ ပြဿနာ။ ရေဒီယိုတွေကမေးတာဖြေရရင် နားထောင်မယ့်သူတွေကို အတော် အားနာရတယ်။
ဒေါက်တာတင့်ဆွေ
၁၂-၁၁-၂ဝ၁၆

Comments
Post a Comment