Tongue thrust လျှာတစ်လစ်

တစ်တွေနဲ့ဝေ ခေတ်စာပေလို့ အမြီးမပါ ခေါင်းမပါရေးလိုက်လို့ သဘောမပေါက်သူတွေရှိပါမယ်။ ဆောရီး။

မြန်မာစာပေထွန်းကားစည်ပင်ခဲ့တဲ့ခေတ်ကြီးတွေမှာ ရေးသား၊ သီကုံး၊ စပ်ဆို၊ ဖွဲ့နွဲ့ခဲ့တဲ့ စာတွေ၊ ကဗျာတွေ၊ ရတုတွေ၊ ရကန်တွေ၊ ဒွေးချိုး တြိချိုး လေးချိုးတွေ၊ ပျို့တွေ၊ သီချင်းကြီး သီချင်းခန့်တွေ၊ လင်္ကာတွေကို ပေါ်လစီသတ်ပုံတွေနဲ့ ရိုက်နှိပ်ပြီး၊ လုပ်စား၊ ရောင်းစားနေကြတာကို အမုန်းခံပြီး ရေးချင်တာပါ။

နောက်လူတွေက အရင် စာဆိုတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ဆရာတော်တွေထက် တော်၊ တတ်၊ ထူးချွန်၊ ပြောင်မြောက်၊ လျှမ်းလျှမ်းတောက်ကြကြောင်း ချီးမွမ်းခန်းဖွင့်တာပါ။။

အပေါ်ယံနှမ်းဖြူးတယ်လို့ ပြောလေ့ရှိကြတယ်။ နငယ် အမြီးဆွဲတယ်လို့လည်း ပြောကြတယ်။ ဒိထက်ခေတ်ဆန်တဲ့ အသုံးတော့ တကို တစ်လုပ်တတ်တယ်။

အပေါ်ယံနှမ်းဖြူးတာတော့ စားကောင်းမှာပါ။ နငယ်အမြီးရှည်လို့လည်း အဓိပ္ပါယ်မပြောင်းစေပါ။ အဲ့ ဟိုဟာကတော့ မြန်မာစာကို လျှာတစ်လစ်ထွက်စေတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ