ရွေ့ လျား ရှောင် ရှား

တခါက နွေညများ = မရွေ့ရှား နဲ့ မရွေ့လျား ဘယ်ဟာအမှန်ပါလဲဆရာ။ တချက်လောက်ပြောပြပါ (၄ တန်းဖတ်စာမှာ မရွေ့ရှားလို့ သုံးနေလို့ပါ။)

ရွေ့
ရွေ့လျောသည်။
ရွေ့သွားသည်။
တရွေ့ရွေ့။
စကားရွေ့သည်။
ကာလရွေ့လျော။

လျား
ကစဥ့်ကလျား။
စုလျား။
အနံအလျား။
တန်းလျား။
ကာလရှည်လျား။
စောင်းလျားသီး။
ဆံပင်ဖါးလျား။
လက်လျားလျား။

ရှား
ရှားစေး။
ရှားပင်။
ရှာမီးခဲ။
ရှားပါးစရိတ်။
ထင်ရှားကျော်စော။
ရှားလက်ဝါးပင်။
ရှားစောင်းပင်။
ရှောင်ရှားသည်။

ရှောင်
ရှောင်ကြဉ်။
ရှောင်ခွါ။
ရှောင်ဖယ်။
ရှောင်ရှား။
ရှောင်တိမ်း။
တရှောင်ရှောင်။
ရှောင်တခင်။
ခေါင်းရှောင်။

ကျွန်တော် သိသလောက် (ရွေ့လျား) ရော (ရွေ့ရှား) လို့ပါ အရင်က မသုံးခဲ့ပါ။ (ရွေ့သွား) လို့သာသုံးခဲ့တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး