စစ်သူကြီး သတိုးမဟာ ဗန္ဓုလ

ဒီစာလေးကို ၅-၇-၂ဝ၁၃ နေ့ကရေးခဲ့တာပါ။ စစ်ကိုင်းတိုင်း၊ တမူး နန့်ဖါလုံဈေးမှာ ဈေးရောင်းဈေးဝယ် လုပ်နေကြသူတွေဆီက ကသည်းသူပုန်များကနေ ဆက်ကြေးငွေ မတန်တဆတောင်းနေသတာကို တိုင်တန်းပေမယ့် တာဝန်ရှိသူတွေက အရေးယူခြင်းမရှိလို့ ဈေးမရောင်းပဲ ဆန္ဒ္ဒပြကြတယ်ဆိုတဲ့သတင်း ဖတ်ရလို့ပါ။

မြန်မာရာဇဝင်ထဲမှာ မဟာဗန္ဓုလကို ကသည်းခေါ် မဏိပူရလူမျိုးတွေက ဘယ်တော့မှ မမေ့ကြပါ။ သူတို့လူမျိုးတွေကို စစ်သုံ့ပန်းအဖြစ် မဟာဗန္ဓုလကခေါ်လာစဉ်က သူတို့နားရွက်တွေကိုဖေါက်ပြီး လျှော်ကြိုးနဲ့ဆွဲခေါ်ခဲ့ကြတယ်လို့ တဆင့်စကားရာဇဝင်ဟာ သူတို့ဆီမှာရှိတယ်။

ပြီးခဲ့တဲ့စစ်အစိုးရကတည်းက တဖက်နိုင်ငံက လက်နက်ကိုင်အဖွဲ့ ဒါဇင်ဝက်မက မြန်မာ့မြေပေါ်မှာရှိနေကြတယ်။ ကသည်း သူပုန်တွေက တမူးဝန်းကျင်မှာ ခြေကုပ်ရထားတယ်။ လက်နက်နဲ့ မူးယစ်ဆေးလုပ်ငန်းမှာလဲ ပတ်သက်နေကြတယ်။ ဒေသခံမြန်မာအမျိုးသမီးအချို့က ကသည်းယောက်ျားတွေကို လက်ထပ်ပေါင်းသင်းနေကြတယ်။

နေ့လည်က တမူးက ဖရင်းတယောက်ကို လှမ်းမေးတယ်။ အဲဒီအခြအနေဘယ်လိုလဲ။ ဆရာ့ တမူးနယ်မှာတော့ တောကမိန်းကလေးတွေ မကျန်တော့ဘူးဆရာ။ ကသည်းမယားတွေဖြစ်ကုန်ပြီတဲ့။

အမျိုးသမီးအခွင့်အရေးအဖွဲ့တွေက ဘယ်လိုပြောကြမယ်မသိ။ အမျိုးဘာသာနဲ့ လက်ထပ်ခွင့်ဥပဒေဆိုတာထဲမှာ အဲတာ ပါပုံမရ။ မြန်မာစစ်တပ်မှာ မဟာဗန္ဓုလသွေးမရှိတော့တာ သေချာတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၁၁-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး