Assumption ကောက်ချက်ဆွဲခြင်း

Aungtun Lay ဒေါက်တာအောင်ကြီးရေးတဲ့ အတ်ဆေးထဲမှာ နိုင်ငံခြားသားတွေက ဆောင်းနှင်းတွေကိုသိပ်မကြိုက်ဖူးတဲ့ ဟုတ်လားတော့မသိ။

Dr. Tint Swe ယေဘုယျ ချလို့တော့ မသင့်ပါ။ နိုင်ငံခြားသားဆိုတာနဲ့ ဘီလီယန် အများကြီး။ ၂ဝဝ၅ ခုနှစ်အကုန်မှာ ကမ္ဘာ့လူဦးရေ 7,324,782,225 ရှိတယ်။ မြန်မာပြည်လူဦးရေ သန်း (၅ဝ) ကျော်နုတ်တာဟာ နိုင်ငံခြားသားတွေ။ ကျွန်တော်မေးသမျှနဲ့ ကြားရသမျှ ကြိုက်တဲ့သူရော မကြိုက်တဲ့သူပါရှိတယ်။ ကျွန်တော်မေးတာ လူ ၁ဝဝ မပြည့်ပါ။

ကွန်မင့်ပေးသူနဲ့ ငြင်းဆိုဘို့ရေးတာတော့ မဟုတ်ပါ။ မေးတာကိုပမာပေးပြီး ရေးချင်တာရှိလို့ပါ။

စောစောက Albinism လူဖြူရောဂါအောက်မှာ ကွန်မင့်တွေ မြိုင်မြိုင်ဆိုင်ဆိုင်လာပါတယ်။
• Sein Yexkhuatrone Tan ဘာသာရေးပါဆရာ မြန်မာပြည်ကလာတဲ့တိုင်းသားအားလုံးက ဘာသာရေးကြောင့် Trump ကိုကြိုက်ကြတယ်
• Tint Swe အိုဘားမားနဲ့ ဘီလ်ကလင်တန်ကိုပြိုင်ခဲ့သူတွေကလည်း ထရမ့်နဲ့ ဘာသာရေးအတူတူဖြစ်ကြတယ်။ လက်လှမ်းမီသလောက် မြန်မာပြည်ကလူသူတွေကို နေ့တိုင်း မေးပါတယ်။ အားလုံးက ထရမ့်ကို ကြိုက်တယ်လို့တော့ ကောက်ချက်ဆွဲမရပါ။ ထရမ့်ဘာကြောင့်နိုင်သလဲကို သုတေသနလုပ်ပြီး စာတပုဒ် ရေးထားပြီးဖြစ်ပါတယ်။ အချက်အလက် တခုတည်းကြောင့်မဟုတ်ကြောင်းပါ။
• Sein Yexkhuatrone Tan  အခုဒီမှာရောက်တဲ့ ချင်းနဲ့ ကချင် မဲပေးခွင့်ရှိတဲ့လူအားလုံးက Trump ကို မဲပေးကြလို့ပါဆရာ
• Tint Swe ဆရာစာသင်တဲ့ကျောင်းမှာ ချင်းပြည်နယ်ကလာသူကများတယ်။ ခါးခါးသီးသီးမကြိုက်တဲ့ ချင်းကျောင်းသားလည်း ရှိပါတယ်။ အလွန်သဘောကျတဲ့ကျောင်းသား တယောက်လည်းရှိတယ်။ ထုတ်မပြောသူက များတယ်။ Christel House DORS ကျောင်းလို့ခေါ်ပါတယ်။
• Kyar Phyu မေရီလင်းမှာနေတဲ့ ဗမာအားလုံး Clinton ကိုမဲပေးတယ်။ မေရီလင်းမှာ ဒီမိုကရက်နိုင်တယ်။ ဘာသာရေးနဲ့မဆိုင်။ မေရီလင်းမှာ ချင်းတွေလဲအများကြီးလေ့

နောက်မှာလည်း လာပါသေးတယ်။ ကျွန်တော်ကတော့ ဆက်မရေးတော့ပါ။ ကောက်ချက်ချတာမှာ သတိထားသင့်ကြောင်း စာ ၄-၅ ပုဒ်ရေးဖြစ်ပါတယ်။

မြန်မာပြည်ကလာတဲ့ (့) အားလုံးကလို့ပြောတာ မဖြစ်နိုင်ပါ။ ရေးတဲ့သူတွေ့သမျှလို့ပြောရင် မှန်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်စာကူသင်နေတဲ့ကျောင်းမှာနေကြတဲ့ မြန်မာပြည်ကကျောင်းသားအားလုံးလို့ မပြောပါ။ ချင်းပြည်နယ်ကလာသူ အကုန်လို့လည်းမပြောပါ။ တကယ်ကို ဒေါ်နယ်ထရမ့်ကိုကြိုက်တဲ့သူ ဂျွန် (ဖလမ်း) ကို (ဂျွန်နယ် ထရမ့်) လို့ ရီစရာနာမည် ခေါ်တယ်။ ကျွန်တော်က ဂျွန်နဲ့ကျောင်းအတူပြန်တယ်။ သူဘာလို့ကြိုက်သလည်း မေးပါတယ်။ အချက်တွေ ၃-၄ ချက် ပြောပါတယ်။ သူက ကက်သလစ်ပါ။ ဘာသာရေးလို့တော့ မပြောပါ။

သုတေသနတွေမှာ ကိန်းဂဏန်းနဲ့ တိတိကျကျပြောရတယ်။ အရပ်စကားပြောကြရင် အများစုက၊ မေးသမျှကလို့ပြောရင် ရပါတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၁၁-၂ဝ၁၆
ည ၁၁ နာရီ၊ ၃၇ မိနစ်။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး