Motherland သည်ဝနာမြေ

လွန်ခဲ့တဲ့ (၂) နှစ်တိတိကစာ)

အနှစ်နှစ်ဆယ်ကျော်ကြာ မဲဇာလိုမှာနေခဲ့ရတုံးက ဖရင်းတယောက်က သီချင်းလင်ခ်ပို့ပေးခဲ့တာ မမေ့ပါ။

ခုနေမှာတော့ ကလေးတွေလဲ ရင်ဝယ်မပိုက်ရ၊ ဝေးသောရပ်ဌာနီက သားသမီးတွေနဲ့လဲ အနားမှာရှိလာ၊ အိမ်သူချောမေလှလဲအတူပါလို့၊ ငယ်ပေါင်းသက်ဝေ သူ့ကြင်ဆွေကိုလည်း လွမ်းရဘို့မလိုပါ။

ဒါပေမယ့် သည်ဝနာမြေကိုသာ လွမ်းတိုင်းတွေးမိကာ အောက့်မေ့နေရဆဲပါ၊ မွန်းတည့်နေခြည်ဖျာပြီး နွေးချင်ဆဲသာ၊ ရာဇဒဏ်ရှေးဝဋ်ကြွေးတော့ ဝေးလောက်ပြီးလို့ နှစ်နှစ်အကြာမှာ၊ ပြည်တော်ကိုသာ စိတ်ထဲရော်ရမ်း မျှော်မှန်းကာသာ နေရဆဲပါ။ ။

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး