ဖောက်ပြန်လူတစု ကြေးစည်ထုသော် အရမ်းသာဓုမခေါ်နဲ့

တခါက ရွာတရွာမှာ အရက်သမားနဲ့ ဘုရားလူကြီးတို့ဟာ အိမ်နီးချင်းဖြစ်နေကြသတဲ့။
အရက်သမားက အရက်မူးရင် ပြဿာနာရှာ။ ဘုရားလူကြီးအိမ်မှာတော့ ကြေးစည်ထုသံနဲ့ တရားစာရွတ်ဆိုသံသာ ကြားနေရသတဲ့။
ဘုရားလူကြီးဆရာ ရွာဦးဘုန်းကြီးက သက်တော်ကြီး၊ ဝါတော်ရ။ ဂန္ထဓူရ ဝိပဿနာဓူရ စိတ်ဝင်စားခြင်းအလျဉ်းမရှိ၊ တရားဟောသည့်အခါ သူမသိတဲ့ဘုရားဒေသနာမပါ။ ရောက်တတ်ရာရာ။
အရက်သမားဟာ ငါသေလျှင်ဧကန် ငရဲကျမည်အမှန်။ ကြေးစည်သံကြားနေရတဲ့ ဘုရားလူကြီး၊ နတ်ပြည်နဲ့ နီးသလား၊ နိဗ္ဗာန်လား။
အရက်သမားသေ ငရဲပြည်တန်းရောက်။
သူရောက်ရာအောက်နားက ထူးထူးခြားခြား ကြေးစည်သံကြားရပြန်ပါသတဲ့။
ဟဲ့ ငရဲပြည်မှာလဲ အလှူခံတွေရှိတာပဲကလား။
သူ့အောက်နားကို ခြေဖျားနဲ့တို့ကြည့်။ မျှော်လင့်မထားသည့်လူဟာ သူ့အိမ်ခေါင်းရင်းက ဘုရားလူကြီးတဲ့ဗျာ။
ဟာ့ ခင်ဗျား၊ ဘုရားလူကြီးဟာ ဘာလို့သည်နေရောက်နေတာလဲလို့ အော်မေးပါရောလား။
ဘုရားလူကြီးဟောင်းက ဟေ့ကောင် တိုးတိုးပြောကွ၊ အောက်မှာ ဆရာတော်ကျိန်းနေတယ်တဲ့။

(ဆရာတော် ဦးမုနိဟောတဲ့တရားကို ကိုးကားတာပါ။)

ဒေါက်တာတင့်ဆွေ
၁၃-၁၁-၂ဝ၁၆

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး