Wednesday, November 16, 2016

တစ်တွေနဲ့ဝေ ခေတ်စာပေ

• ရှင်မဟာရဌသာရထက် ခေတ်မီကြကုန်၏။
• စလေဦးပုညထက် ဥာဏ်ရွှင်ကြကုန်၏။
• သခင်ကိုယ်တော်မှိုင်းထက် လေးချိုးစပ်တော်ကြကုန်၏။
• နဝဒေး၊ နတ်သျှင်နောင်တို့ထက် ရတုဘုရင်စစ်ကြကုန်၏။
• သိပ္ပံမောင်ဝထက် ခေတ်စမ်းစာတွေ ရေးချွတ်တတ်ကြကုန်၏။
• မြန်မာ့စွယ်စုံကျမ်းပြုပုဂ္ဂိုလ်များထက် ပညာအရာမှာသာသူများဖြစ်ကြကုန်၏။
• လူထုဦးလှ၊ ကြေးမုံဦးသောင်းတို့ထက်တော်သော မီဒီယာဆရာကြီးများဖြစ်ကြကုန်၏။
• ရွှေဥဒေါင်း၊ မြသန်းတင့်တို့ထက် ဘာသာပြန်ကောင်းကြကုန်၏။
• ဦးဖိုးကျား၊ လှသမိန်တို့ထက် သတ်ပုံမှန်ကြကုန်၏။
• လူထုကြီးပွားရေးတိုက်ထက်ထူးချွန်သော စာအုပ်တိုက်၊ သတင်းစာတိုက်၊ ဂျာနယ်တိုက်များဖြစ်ကြကုန်၏။
• ဇော်ဂျီ၊ မင်းသုဝဏ်၊ တင်မိုးတို့ထက် လွန်ကဲသော ကဗျာဆရာများဖြစ်ကြကုန်၏။

အဘယ့်ကြောင့်ဆိုသော့့်
ခေတ်ပေါ်စာရေးဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာ၊ မီဒီယာဆရာ (အချို့) တို့သည် အနန္တသူရိယထက် အမျက်ဖြေလင်္ကာရေးရာမှာ တော်ကြကုန်၏။ ဆရာ့ဆရာတွေရေးခဲ့တဲ့သတ်ပုံတွေကို ပြင်ထုတ်ဝေရောင်းချရဲသော စာပေသူရဲကောင်းများဖြစ်ကြကုန်၏။

ဒေါက်တာတင့်ဆွေ
၁၆-၁၁-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.

လက်ရေးနဲ့ကဗျာ

၁။ ပုံပါလက်ရေးက ဆရာ့လက်ရေးလား ဆရာမငွေတာရီလက်ရေးလား ဆရာ ကျွန်တော် မရေးပါ။ ငွေတာရီလက်ရေး။ ၂။ ဆရာ့စာလေးရောကဗျာလေးရော Share ထားပါတယ်ဆရာ ငယ...