Coffee and Health ကော်ဖီ နဲ့ ကျန်းမာရေး

မင်္ဂလာပါ ဆရာရှင့်။ ကျွန်မက ခုလောလောဆယ့့် မှာ အလုပ်လုပ်နေပါတယ်။ အသက်က ၃၃ နှစ်ပါ။ ကျွန်မက မနက်တိုင်း ကော်ဖီသောက်ပါတယ်ဆရာ။ အစာအိမ်ကိုထိခိုက်နိုင်ပါသလား။ ထိခိုက်နိုင်တယ်ဆိုရင် မသောက်တော့ပါဘူး။

ကော်ဖီဟာ သောက်စရာထဲမှာတော့ ပေါ်ပြူလာအဖြစ်ဆုံးပါ။ နိုင်ငံပေါင်း ၈ဝ မှာစိုက်တယ်။ ကမ္ဘာ့ကုန်သွယ်ရေးမှာ ရေနံပြီးရင် ဒုတိယလိုက်တယ်။ ၁၉၉၉ က အမေရိကမှာ လူပေါင်း (၁ဝ၈) သန်းသောက်ကြပြီး၊ တနှစ်မှာ ၉့၂ ဘီလီယန် ဒေါ်လာသုံးခဲ့တယ်။ ပျမ်းမျှတနေ့မှာ ၃့၁ ခွက်သောက်တယ်။ ယောက်ျားတွေက နည်းနည်းပိုသောက်တယ်။ ကော်ဖီ အများဆုံးသောက်တာက (စကင်ဒီနေးဗီးယား) တိုင်းပြည်တွေဖြစ်တယ်။

တကမ္ဘာလုံးချိတ်ဆက်ထားတဲ့ (ကော်ဖီ-ချိန်း) ဆိုတဲ့ ကော်ဖီသံကြိုးကွင်းဆက် အကြီးဆုံးက ၂ဝဝ၇ မှာထောင်ခဲ့တဲ့ Starbucks (စတားဘတ်ခ်) ဖြစ်တယ်။ ခေတ်မီသူတိုင်း (စတားဘတ်ခ်) သောက်ကြသည်။ ဒီ မဟာလုပ်ငန်းကြီးကို စထောင်ခဲ့တာက ကျောင်းဆရာ ၂ ယောက် နဲ့ စာရေးဆရာ ၁ ယောက်ဖြစ်ပါတယ်။

ကော်ဖီကိုစာဆို၏
နာမည်ကြီးစာရေးဆရာ (အိုလီဗာ-ဟုမ်းစ်) ရဲ့ အိပ်ယာထသောက်ရတဲ့ ကော်ဖီတခွက်ကရတဲ့ လန်းဆန်းတက်ကြွမှုနဲ့ ခွန်အားမျိုးကို ညနေခင်းလဖက်ရည်ကနေ ပြန်ထပ်လုပ်မပေးနိုင်ဘူးတဲ့။ အဲဒါဟာ နှစ်ခြိုက်စရာ (ဖက်တာ) လို့ ခေါ်တယ်။ ဖြစ်စေတာက (ကေဖင်း) ခေါ်တဲ့ စိတ်ကိုပြောင်းလည်းစေနိုင်တဲ့ (အယ်လ်ကာလွိုက်) ကြောင့်ပါ။ လဖက်ရည်ထဲ (ကိုးကိုး) ထဲမှာလည်းပါတယ်။ တခြားသောက်စရာအချိုရည်တွေ၊ အားဖြစ်အရည်တွေမှာလည်းပါတယ်။

ကော်ဖီမှာသမိုင်းရှိ၏
ထိပ်ဆုံးရောက်နေတဲ့ကော်ဖီရဲ့ မူလအစ သမိုင်းလှန်ရရင် အောက်ဆုံးက (အီသီယိုးပီးယား) ဖြစ်နေတာ တွေ့ရတယ်။ အထောက်အထား ခိုင်ခိုင်မာမာပြောနိုင်တာကလည်း ပင်လယ်ဓါးပြနဲ့ နာမည်ရနေတဲ့ (ယီမင်) နိုင်ငံဖြစ်နေပြန်တယ်။ ကော်ဖီသောက်ပါလို့ ဆေးညွှန်းစပေးခဲ့တာ ၁၅၈၃ တုန်းက ဂျာမန်ဆရာဝန် (လီယိုနတ် ရော်ဝုဒ်) ဖြစ်ပါတယ်။

ကော်ဖီသည်ဆေးဖြစ်၏
သောက်တဲ့သူတွေက ကော်ဖီကို အကောင်း-အညံ့၊ ဆရာဝန်တွေက (ကေဖင်း) ကို ကျန်းမာရေးအရပြောကြတယ်။ ဘယ်လောက်ဆိုရင် များတယ်ပြောမလဲ။ အမေရိကန် အာဟာရအသင်းက တနေ့မှာ (ကေဖင်း) 200-300 mg ထက် မပိုစေနဲ့တဲ့။ ချိန်ခွင်မလိုတာပြောရရင် အပြင်း-အပြော့ မတူလို့ တနေ့မှာ ကော်ဖီ ၂ ခွက်ကနေ ၅ ခွက်၊ တနည်းဆိုရင် အနာ-အကိုက်ပျောက်ဆေး ၁ဝ ပြား။ လူတယောက်နဲ့တယောက် မတူတာတွေမှာ ကော်ဖီကို ဘယ်လောက်အထိမခံ ဖြစ်သလဲပါသေးတာ။

(ကေဖင်း) က စိတ်လန်းဆန်းစေတာ လူတိုင်း လက်ခံပါမယ်။ အိပ်ယာထနဲ့ စာကျက်နေတုန်း သောက်သုံးကြတယ်။ (ကေဖင်း) သာမက (ကော်တီဇုန်း) နဲ့ (အဒြီနလင်း) ဆိုတဲ့ ဟော်မုန်းတွေပါသေးတာ သိလာရတယ်။ အသက်ကြီးသူတွေ သောက်ရင် ပိုကောင်းတယ်။ အိုလို့ဖြစ်ရတဲ့ (ဒီမင်းရှား)၊ (ပါကင်ဆိုနဇင်) နဲ့ စိတ်ကျ ဇရာရောဂါတွေကို နှေးစေသတဲ့။ မျက်စိပုတ်ခတ်ပုတ်ခတ်လုပ်တာကောင်းတယ်။ ဝမ်းပြော့တယ်။မနက်အိပ်ယာကော်ဖီသောက်ပြီး ရေအိမ်သာဝင်ကြတယ်။ အဲတာက သည်းခြေရည်ထွက်လာလို့ဖြစ်တယ်။ ဆီးသွား နဲနဲများစေတယ်။ အိပ်ယာဝင်မှာမသောက်ကြပါ။ အရေပြားနဲ့ ရင်သားကင်ဆာတွေ ဖြစ်တာနဲစေတယ်။ ဂေါက်လက္ခဏာ သက်သာစေတယ်။ ပိုက်ကလာတဲ့ ရေထဲမှာပါတဲ့ ခဲနဲ့ ကြေးဓါတ်တွေကို ၇၈-၉ဝ% ပျော်ဝင်နိုင်စေတယ်။ လူငယ်တွေလည်းပါတယ်။ အားကစားလုပ်ပြီး ကြွက်သားနာတာ သက်သာစေတယ်။ ကြွက်မလေးတွေကို (ကေဖင်း) ပေးတော့ ကြွက်ထီးဆီလာတာ ပိုများလို့ လိင်စိတ်ကို ကောင်းစေတယ်လို့ထင်ရပါသတဲ့။

ကော်ဖီမှာဘေးထွက်ဆိုးကျိုးရှိ၏
ကော်ဖီအသောက်များရင်တော့ အအိပ်ပျက်စေတယ်။ Coffee jitters ခေါ်တာပေါ့။ အရိုးကို ပါးစေတယ်။ ကော်ဖီကို မစစ်ဘဲ သောက်ရင် LDL (ကိုလက်စထော) များစေတယ်။ အစာအိမ်-အူလမ်းကြောင်း အတွင်းဖုံးလွှာကို ထိခိုက်စေတယ်။ သွားတွေညိုမယ်။ သွေးဖိအားတက်စေတယ်။ ကော်ဖီနဲ့ (ပါရာစီတမော) ရောသောက်တာ မကောင်းပါ၊ အသည်းကို ထိခိုက်နိုင်တယ်။ သံဓါတ်နည်း သွေးအားနည်းရောဂါ၊ နှလုံး-သွေးကြောရောဂါ ဖြစ်တာလည်း များတယ်။ များရင်ဥပါဒ် ပေးတယ်။ များတာနဲ့အမျှ အိပ်မရ၊ မျက်နှာက နီလာ၊ ဂနာမငြိမ်-စိတ်လှုပ်ရှား၊ ဆီးသွား၊ အသားတွေတုန်၊ တွေးပုံ-ပြောပုံ မတည်တော့ပါ။ စိတ်ကတို အလိုမကျ၊ ဒေါသထန်၊ နှလုံးခုံ မမှန် ဖြစ်ပြန်အုံးမယ်။

ကော်ဖီသည်သေစေနိုင်၏
စနစ်တကျဖေါ်စပ်ပြုပြင်ထားတဲ့ ကော်ဖီက ကောင်းတယ်ဆိုပေမဲ့ တခါတလေ အဆိပ်ရည်သဘောဖြစ်ပါတယ်။ များရင် အဆိပ်ဖြစ်တယ်။ လူတွေကို ကော်ဖီ ဘယ်လောက်ပေးရင် သေစေသလည်းကို စမ်းသပ်ထားတာ မရှိပါ။ (ဟစ်တလာ) ရဲ့ ဆရာဝန်တွေက စမ်းဘို့မေ့ခဲ့ကြပုံရတယ်။ ကြွက်တွေကိုတော့ Caffeine 192 mg/kg ပေးရင် 50 % သေစေတယ်။ ဒီနှုန်းနဲ့တွက်ရင် လူတွေကို 150 to 200 mg/kg ဒါမှမဟုတ် ကော်ဖီ ၈ဝ-၁ဝဝ ခွက် တိုက်ရင် မြန်မြန်သေနိုင်မယ်။ ဒါပေမဲ့ လူ့အစာအိမ်က ၁ လီတာဘဲ ဆန့်ပါတယ်။

ကော်ဖီသည် မျိုးပွါးခြင်းကိုသက်ရောက်စေနိုင်၏
(ကေဖင်း) ပါတဲ့သောက်စရာတွေကို သောက်သုံးကြတဲ့ အမျိုးသမီးပေါင်း ၁ဝဝဝဝ ကို မျိုးပွါးခြင်းအပေါ်သက်ရောက်မှု ဆန်းစစ်ချက်တခုလုပ်ပါတယ်။ အဖြေကတော့ လျှော့မတွက်ပါနဲ့တဲ့။ ကော်ဖီကြောင့် နှလုံးခုန်မြန်တာ၊ သွေးဖိအား တက်တာ၊ ဆီးပိုသွားတာ၊ စိတ်ထက်ကြွတာတွေအပြင် ဘာတွေဖြစ်သေးလည်း။ ကိုယ်ဝန်ပျက်သူ နဲနဲပိုများတယ်။ (ကေဖင်း) တနေ့မှာ 200 mg ထက်ပိုသောက်သုံးသူတွေမှာ ၂ ဆပိုတယ်။ ကိုယ်ဝန်ရှိနေတုန်းဆိုရင် (ကေဖင်း) ဓါတ်က ကလေးဆီ ရောက်မယ်။ ကိုယ်ဝန်ရစေဘို့ သူများထက်ပိုအချိန်စောင့်ရတယ်။ (IVF) နည်းနဲ့ ကိုယ်ဝန်ရအောင် လုပ်သူတွေမှာလည်း သူများထက် အောင်မြင်မှုနည်းတယ်။ ဒါပေမဲ့ သုတေသနတွေက အမျိုးမျိုးရှိပြီး အမေရိကားမှာ လုပ်တာများတယ်။ ယောက်ျားတွေကို လုပ်ထားတာ အခုထိတော့ မတွေ့သေးပါ။ ၂ဝဝ၃ တုန်းက ဒိန်းမတ်မှာ ကော်ဖီစွဲနေသူ ကိုယ်ဝန်ဆောင် ၁၈၄၇၈ ယောက်ကို စမ်းသပ်တုန်းက ကလေး အသေမွေးနှုန်း များတာတွေ့ရတယ်။

ကော်ဖီအမျိုးမျိုးရှိ၏
ဆရာဝန်က ကိုယ်ချင်းမစာဘူး၊ ကော်ဖီအသေအလည်း ကြိုက်တဲ့သူကို အလျှော့ခိုင်းနေတယ်ဆိုရင် Decaf (ကေဖင်း) လျှော့ ကော်ဖီကို ပြောင်းသောက်ပေါ့။ Caffeine-free coffee (ကေဖင်း) နဲ့ ကော်ဖီနဲ့မတူပါ။ နာမည်ကြီး ကော်ဖီတွေမှာ (ကေဖင်း) ပါတာ ယှဉ်ကြည့်ပါ။
- Starbucks Grande Coffee ၁၆ အောင်စ = (ကေဖင်း) ၃၃ဝ
- Starbucks Latte or Cappuccino ၁၆ အောင်စ = (ကေဖင်း) ၁၅ဝ
- Plain Drip Coffee ၈ အောင်စ = (ကေဖင်း) ၉၅
- Starbucks Espresso ၁ အောင်စ = (ကေဖင်း) ၇၅
- Instant Coffee ၈ အောင်စ = (ကေဖင်း) ၆၂
- Tea ၈ အောင်စ = (ကေဖင်း) ၄၇
- Cola ၁၂ အောင်စ = (ကေဖင်း) ၂၉
- Chocolate Cake ၈ အောင်စ = (ကေဖင်း) ၂၅
- Decaf Coffee ၈ အောင်စ = (ကေဖင်း) ၂

မြန်မာပြည်မှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း (ကဖေး) ဆိုတဲ့ နာမည်နဲ့ ဆိုင်တွေဖွင့်ခဲ့တယ်။ အိန္ဒိယကလာတဲ့စကားလို့ အထင်မှားနိုင်တယ်။ ပြင်သစ်စာလုံးပါ။ Coffeehouses နဲ့ Cafés တွေပေါ်ခဲ့တာ နှစ် ၅ဝဝ ကျော်နေပြီ။ Cafés နဲ့ Cafeteria နဲ့မတူပါ။ လူငယ်တွေပိုသိတာက Internet café (အင်တာနက် ကဖေး) Cybercafé (ဆိုက်ဘာကဖေး) မဟုတ်လား။ အစည်းအဝေးတိုင်းမှာပြောနေကြတဲ့ Coffee break ကိုစသုံးခဲ့တာ ၁၉၅၂ ကပါ။ စာဖတ်သူများ ကော်ဖီဘရိတ်ဗျာ။

1. Coffee mix ကော်ဖီမစ် နဲ့ ကျန်းမာရေး http://doctortintswe.blogspot.com/2014/10/coffee-mix.html
2. Love Coffee ညစ်ညမ်းကော်ဖီ http://doctortintswe.blogspot.com/2014/10/love-coffee.html
3. Lady coffee လေဒီကော်ဖီ http://doctortintswe.blogspot.com/2014/10/dirty-coffee.html
4. Tea or Coffee http://doctortintswe.blogspot.com/2014/10/tea-or-coffee.html
5. Caffeine and Pregnancy ကေဖင်းနဲ့ကိုယ်ဝန် http://doctortintswe.blogspot.com/2015/01/caffeine-and-pregnancy.html
6. Caffeine ကေဖင်း http://doctortintswe.blogspot.com/2015/01/caffeine.html
7. Baian Lishou Coffee ကြော်ငြာကော်ဖီ http://doctortintswe.blogspot.com/2015/11/baian-lishou-coffee.html
8. Caffeine (ကေဖင်း) ရဲ့ဆေးစွမ်းသတ္တိများ http://dts-medicaleducation.blogspot.in/2013/08/caffeine.html
9. Caffeine in Tea ကေဖင်း နဲ့ လက်ဖက် http://doctortintswe.blogspot.com/2014/10/caffeine-in-tea.html
10. Caffeine ကေဖင်း http://doctortintswe.blogspot.com/2015/01/caffeine.html
11. Coffee and Health ကော်ဖီ နဲ့ ကျန်းမာရေး http://doctortintswe.blogspot.com/2015/04/coffee-and-health.html
12. Excess caffeine health warning http://doctortintswe.blogspot.com/2015/05/excess-caffeine-health-warning.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး