Tea or Coffee ကျားဟေ့


အခုရောက်နေတဲ့ ယူအက်စ်အေမှာ ကော်ဖီသောက်ကြတာများတယ်။ များယုံသာမဟုတ်ပါ၊ အားလုံးအကုန်လို့ ပြောရမယ်။ အရင်နေခဲ့တဲ့ အိန္ဒိယမှာတော့ လက်ဖက်ရည်မှ လက်ဖက်ရည်။ မြန်မာပြည်မှာလည်း အရင်ကတော့ လက်ဖက်ရည်။ ဖေ့စ်ဘွတ်ပေါ်မှာတော့ ပုလင်းထဲကအရည်။

အိန္ဒိယမှာ လက်ဖက်ရည်ကို ကြာရေ၊ ကျယေး  အသံထွက်နဲ့ ခေါ်ကြတယ်။

ဘုရားဖူးဆောင်းပါးတပုဒ်မှာ ရေးလိုက်တာလေးကိုဖတ်ပြီး၊ ခုထိ ပြုံးရတုန်းပဲ။ စာရေးဆရာမတဦးရေးလိုက်တာက ကာလကတ္တား ဘူတာရုံမှာ ကျားဟေ့ ကျားဟေ့လို့အော်ပြီးရောင်းသော လဖက်ရည်ကို အိုးပုတ်နဲ့သောက်ခဲ့ရသည်တဲ့။

ဟုတ်တယ်။ လက်ဖက်ရည်ခွက်အဖြစ် မြေအိုးကိုပါ သုံးကြတယ်။ ကလေးကစားတဲ့ အိုးပုတ်နဲ့တူတယ်။ ကျွန်တော်လည်း သောက်ခဲ့ဖူးတယ်။ တခါသုံးခွက်။ သောက်ပြီး ပစ်လိုက်ရုံပဲ။ သူတို့က အီကိုဖရင်းလီး ခေါ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်တာ။ မြေခွက်ကိုလည်း မီးနဲ့ မဟုတ်။ နေနဲ့ဖုတ်တယ်။

အမေရိကမှာ Starbuck က အကောင်းဆုံးကော်ဖီရဲ့ အမှတ်တံဆိပ်ဖြစ်သလို အိန္ဒိယမှာ မြေခွက်နဲ့ထည့်သောက်ရတဲ့ လက်ဖက်ရည်ကလဲ သူတို့ရဲ့ သင်္ကေတဖြစ်တယ်။ ဘီဟာနယ်နဲ့ အနောက်ဘင်္ဂလားနယ်မှာသုံးကြတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၁ဝ-၂ဝ၁၄
၂၅-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး