Grammar တွေ့ရာကို ချိုဖြင့် လိုက်လံခတ်နေသော ဖိုးသာအောင်

သတင်းကို ထပ်ဆင့်ကြော်ငြာတာမဟုတ်ပါ။ သတင်းခေါင်းစဉ်ရေးသားပုံ သဒ္ဒါကို သတိထားစေချင်လို့ပါ။

မြန်မာသဒ္ဒါ၊ အတွဲ (၂)၊ အခန်း (၆) ဒသမတန်း၊ စာမျက်နှာ (၉ဝ) မှာပါတဲ့ မေးခွန်းနဲ့ယှဉ်ကြည့်ပါ။

ဖိုးသာအောင်က တွေ့ရာကို ချိုဖြင့် လိုက်လံခတ်ကာ ရွာသားများကို အနှောင့်အယှက်ပေးနေသော ကျွဲရိုင်းကို ဖမ်းဆီးလိုက်သည် ဝါကျနဲ့ဆင်တူနေတာတွေ့ရပါမယ်။

ဒိုင်လူကြီးက ကြမ်းတမ်းစွာကစားသည့်ပြင် ပြိုင်ဘက်ကစားသမားများကို ဆဲဆိုရန်စတတ်သော ဘောလုံးသမားဖိုးတုတ်ကို ပြင်းထန်စွာ သတိပေးလိုက်သည်။

သဒ္ဒါအမှားနဲ့ ရွာသားတွေကို အနှောင့်အယှက်ပေးနေပါတယ်။ ဆရာဝန်တော့ ဆေးလိပ်ဖြတ်ထားတာကြာပါပြီ။ ဒိုင်လူကြီးက ကြမ်းတမ်းစွာကစားနေပါတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး