Invasive ductal carcinoma ပြန့်နိုင်သော နို့ပြွန်ကင်ဆာ

ဆရာ သမီးအမမှာ ရင်သားအကျိတ်ဖြစ်လို့ အကျိတ် ၃ လုံးခွဲထုတ်ခဲ့ပါတယ်။ ပြီးတော့ အဲ့အကျိတ်ကို စစ်ကြည့်တော့ ကင်ဆာဆိုပြီး ရင်တစ်ခုလုံးကိုဖြတ်ထုတ်ဖို့ပြောလာပါတယ်။ သမီးတို့မှာကင်ဆာမျိုးရိုးလည်းမရှိပါဘူး။ သူတို့ပြောတာတော့ ထပ်ဖြစ်လာနိုင်တယ်ဆိုတာကြောင့်ပါတဲ့။ ဆေးသောက်ဆေးထိုး အစားရှောင်ပြီး ကုလို့ရပါလားရှင်။ ပြန်ဖြေပေးပါနော်။

ကင်ဆာမှန်ရင် စနစ်တကျကုသရပါမယ်။ (ခွဲစိတ် + ဆေးပေး + ဓါတ်ကင်) နည်းတွေရှိတယ်။ အစားအသောက်နဲ့တော့ မရပါ။

ဟုတ်ကဲ့ ဖြတ်ထုတ်ရလောက်အောင်ထိ လူကဘာမှမဖြစ်သေးပါဘူးရှင့်။ အသားလုံးကိုပဲထုတ်ပစ်ပြီးပါပြီဆရာ။
သမီးတို့ဘက်က ဘာဆက်လုပ်ရမလဲရှင့်။ သမီးတို့ကြားဖူးပါတယ် ဖြတ်ပီးမှ ကင်ဆာမဟုတ်လို့ဆိုပြီး ဖြစ်ကြတာတွေပါ
မသိဘဲဖြစ်မှာ ကြောက်လို့မေးတာပါရှင့်။

ဆေးစစ်တာတွေ မဖတ်ရပဲ ဆရာကတော့ပြောမရပါ။ ဖြစ်တဲ့သူ အသက်-အိမ်ထောင်ရေး မသိပါ။

အသက် ၃၅ ပါ။ အိမ်ထောင်သည် ကလေး ၂ ယောက်ပါ။ ဆေးစစ်ချက်လည်း ပို့ပေးထားပါတယ်ဆရာ။ ဖြတ်ထုတ်ရမှာလားဆရာ။ ပြောပြပေးပါရှင်။

Invasive ductal carcinoma (IDC) ကို Infiltrating ductal carcinoma ပြန့်နေသော နိုပြွန်ကင်ဆာ လို့လည်း ခေါ်တယ်။ နို့ထွက်ပြွန်လေးတွေမှာ ဖြစ်တာပေမယ့် ဘေးကိုပြန့်နေတာမျိုးဖြစ်တယ်။ တက်စေ့တွေဆီရောက်မယ်။ အဆီပြင်နဲ့ တခြားနေရာတွေဆီလည်း ပြန့်နိုင်ပြီ။ သွေးပြန်ရည်လမ်း ကနေတဆင့်ပြန့်တာဖြစ်တယ်။ သွေးကနေလည်း ပြန့်တယ်။ ဆိုးတဲ့ Invasive breast cancers အမျိုးအစား ရင်သားကင်ဆာထဲမှာ ၇ဝ-၈ဝ% က ဒါမျိုးဖြစ်တယ်။ ယောက်ျားတွေမှာဖြစ်လည်းဒါမျိုးဖြစ်တယ်။ အမျိုးသမီး အသက်အရွယ်မရွေးဖြစ်နိုင်ပေမဲ့ ကြီးသူတွေမှာပိုများတယ်။

ခွဲစိတ်ကုသနည်းနဲ့ Radiation Therapy ဓါတ်ကင်နည်းနဲ့ကုသရမယ်။ အကျိတ်နဲ့ ဘေးနေရာတွေအပြင် လိုအပ်ရင် တက်ဆေ့တွေကိုပါထုတ်တယ်။ Chemotherapy ကင်ဆာဆေးပေးနည်း၊ Hormonal Therapy ဟော်မုန်းပေးနည်းနဲ့ Targeted Therapies ပစ်မှတ်ထားကုသနည်းတွေလည်းလုပ်တယ်။

ဒေါက်တာတင့်ဆွေ
၁၇-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး