Thanks to India (2) အိန္ဒိယမှာ ကျေးဇူးတင်စရာ (၂)

အိန္ဒိယမှာ မြန်မာ့ဒီမိုကရေစီရေးအတွက် အများနဲ့အတူလက်တွဲလုံးပမ်းရင်းရင်နှီးကြတဲ့ အိန္ဒိယ နိုင်ငံရေးခေါင်းဆောင်တွေ ရှိပါတယ်။ ‘အိန္ဒိယမှာ ကျေးဇူးတင်စရာ’ ဆိုပြီး ၉-၃-၂ဝ၁၄ နေ့က ရေးထားဘူးတယ်။ အခုထပ်တိုးစရာ ရှိလာပါတယ်။

နောက်တဦးကလဲ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟောင်းပါဘဲ။ (နတ်တဝါ ဆင်း)။ သူက ကွန်ဂရက်စ်ပါတီကပါ။ သူ့နာမည်လဲ ခုတလောမှ သတင်းစာထဲအတော်ပါတယ်။ စာအုပ်တအုပ်ရေးတယ်။ သူနိုင်ငံခြားရေးဝန်ကြီးလုပ်နေတုံး အီရတ်စစ်ပွဲကာလ ရေနံဝယ်ရာမျာ လာဘ်ယူလို့ပြုတ်သွားတယ်။ အခု ကွန်ဂရက်စ်ပါတီ အတွင်းရေးတွေကို ဖွင့်ချတယ်။ ပါတီက အဲတာကို သစ္စာဖေါက်လို့ သမုတ်တယ်။ (နတ်ဝါဆင်း) နိုင်ငံခြားရေး ဝန်ကြီး လုပ်နေတုံး ကျွန်တော် သူ့ရုံးခန်းအထိ ရောက်ဘူးတယ်။ ကွယ်လွန်သူ (မစ္စနင်မလာဒက် ပန်ဒေး) ကို ကျေးဇူးတင်ရမှာပါ။

ကျွန်တော်နဲ့အတူ အဲဒီအချိန်က လက်တွဲလုပ်နေသူ NLD/LA ထဲက အိန္ဒိယ-မြန်မာလူမျိုးတဦးလဲ ပါတယ်။ အဲဒီလူကနေ နိုင်ငံခြားရေးဝန်ကြီး လက်ထဲ စာတစောင်ထည့်တယ်။ ပါတီဥက္ကဌလုပ်နေတဲ့ ကျွန်တော့ကို ကြိုတင်မပြောပါ။ ကျွန်တော် ဒီမှာ နိုင်ငံရေးလုပ်နေရင်း အိန္ဒိယသွေးပါသူတွေကို ကျွန်တော်လို့ဗမာစစ်စစ်လူမျိုးထက်ပိုပြီး သံယောဇဉ်ထားကြတာကို သတိထားမိတယ်။ ဒါကို အပြစ်မဆိုသာပါ။ သဘာဝကျပါတယ်။ အဲဒီ အိန္ဒိယ-မြန်မာလူမျိုးလည်း မြန်မာပြည်ထဲ ပြန်ဝင်သွားပါပြီ။ NLD/LA/WR ပါတီတွင်း ကျွန်တော့်ကိုဆန့်ကျင်တဲ့ပုန်ကန်မှုမှာလဲ သူက ထိပ်ပိုင်းကနေပါခဲ့ပါတယ်။

၉-၈-၂ဝဝ၄ နေ့မနက်သတင်းစာမှာ အရင်အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး (ဂျက်စဝပ် ဆင်း) သတိလစ်နေလို့ ဆေးရုံတက်ရတဲ့ သတင်းပါတယ်။ သူက အိန္ဒိယကဆောက်ပေးလိုက်တဲ့ တမူး-ကလေးလမ်းကို ဖဲကြိုးဖြတ်ပေးခဲ့သူ ဖြစ်တယ်။ လက်ရှိ အာဏာရလာတဲ့ (ဘီဂျေပီ) ပါတီကပါ။ ကျွန်တော်က အိန္ဒိယ-မြန်မာဆက်ဆံရေးကို ဝေဖန်နေတဲ့အချိန်ကပေါ့။ သူဝန်ကြီးမဟုတ်တော့ချိန် အထက်လွှတ်တော်အမတ်ဘဝမှာ ကျွန်တော့်ကို ခေါ်တွေ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်က SAAG ဆိုတဲ့ အွန်လိုင်း ပညာရှင်ဝဘ်ဆိုက်မှာ အိန္ဒိယ-မြန်မာ ဆက်ဆံရေးစာတွေ စရေးနေချိန်ဖြစ်ပါတယ်။ ကျွန်တော် ဝေဖန်စာဖတ်ပြီး ခေါ်ဆွေးနွေးတာပါ။ သန့်မြင့်ဦးရဲ့ ပထမစာအုပ်ရီဗျူးကို သူဖတ်ကြောင်းလဲ ပြောပါသေးတယ်။ မြန်မာနိုင်ငံအကြောင်း မြန်မာလူမျိုးထဲကနေ အင်္ဂလိပ်လိုရေးတဲ့စာအုပ်က မရှိသလောက်ဖြစ်တော့ ထွက်လာတာကို စိတ်ဝင်စားတာလဲပါမယ်လို့ ကျွန်တော်က ထင်တယ်။ သန့်မြင့်ဦး အဲဒီစာအုပ်မိတ်ဆက်ဘို့ ဒေလီလာတော့ ခဏတွေ့ဖြစ်ပါတယ်။ သူစကားပြောအပြီး ပရိတ်သတ်တဦးအနေနဲ့ မေးခွန်းတခုလဲ မေးလိုက်ဖြစ်ပါတယ်။ စစ်အစိုးရအပေါ် ထားတဲ့သဘောထားမှာ ကျွန်တော်က သန့်မြင့်ဦးနဲ့ အမြင်မတူတာရှိတယ်။ မြန်မာပြည်သားအချင်ချင်း သူများနိုင်ငံမှာ တွေ့ရတော့ နွေးထွေးပါတယ်။

ဒေါက်တာတင့်ဆွေ
၉-၈-၂ဝ၁၄

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)