ကျပန်း ကျဖမ်း ကျဘမ်း ကျပမ်း

၁။ ဆရာ ကျဖမ်း စကားပြောပြိုင်ပွဲ နဲ့ ကျဘမ်း စကားပြောပြိုင်ပွဲ သတ်ပုံအမှန် သိချင်ပါတယ်ခင်ဗျ။ မြန်မာစာသတ်ပုံကျမ်းမှာ ကျဖမ်းရေးထားတာတွေ့ရလို့ပါခင်ဗျ။

၂။ ကျ နှင့် ကြ အသုံးကိုလည်း တင်ပေးစေလိုပါတယ်ဆရာ။ ကျ နဲ့ ကြ ကိုရော သိချင်ပါတယ်။

၃။ ကျွန်မကတော့ ကြ နဲ့ ကျ အသုံးကို မဝေခွဲဖြစ်နေလို့ပါရှင့်။

ကျ
ကျကျနနဝတ်စားလာခဲ့ပါ
ကျနသေချာစွာလုပ်ပါ
ကျပန်း (ကျပမ်း၊ ကျဖမ်း၊ ကျဘမ်း) စကားပြောပွဲ
ကျသင့်ငွေ
ကျသွားသည်
စားနေကျကြောင်ပါး
စာကို ကျကျနနဖတ်ပါ
စာရွတ်စာဖတ် ကျနသည်
စာရေးရာ စာကျ၍ မှားသည်
စိတ်တိုင်းကျ
ဆီးနှင်းကျ
တယောက်တခုကျ ယူပါ
ကြုံရာကျဘန်း မပြောရ
မတင်မကျ
မိုးဦးကျ
ရန်ကုန်ကျမှ တွေ့ကြအောင်
လုပ်နေကျ ကိုင်နေကျ
လုပ်နေကျအတိုင်းသာ လုပ်ပါ
သင်္ကြန်အကျနေမှာ ရေကစားပါ
သူငယ်နာကျဗဟုံး
သဘောကျ
အံဝင်ခွင်ကျ
အကျအပေါက်ကောက်တတ်သူ
အရွယ်ကျလာပြီ
အရာကျသည်
အားကျ
အကျွေးကျအောင်မသုံးပါနှင့်
ငွေကြေးအကုန်အကျများတယ်
ကြေးငွေကုန်ကျ
အောက်ကျနောက် မဖြစ်ပါစေနှင့်

ကြ
ကံကြမ္မာ
ကျီကြ
စိုးရိမ်ကြောင့်ကြ
ကြခတ်ဝါး
ကြငှန်း
ကြစုမိတ်သရက်
ကြစုသီး
ကြပို့ရွာ
ကြစေ့ပင်
ကြသောင်းဝါး
လာကြလေ
သွားကြမယ်

ဘောလုံးပွဲ ဂိုးမရှိ သရေကျသွားတယ်။ စားနေကျဆိုင်မှာ စာနေကျဟင်း၊ စားနေကျထမင်းကို စိတ်တိုင်းကျ သုံးဆောင်ပြီးရင်တော့ ကျသင့်ငွေပေးချေပါ။

ကျကျနနဝတ်စားလာတဲ့ စားနေကျကြောင်ဖားတယောက်ရှိလေရဲ့။ ကြုံရာကျဘန်းပြောတတ်တဲ့လူနဲ့ တွဲမလုပ်ချင်ပါ။ မတင်မကျ မလုပ်ပါနဲ့၊ လုပ်နေကျအလုပ်အတိုင်းသာ လုပ်ပါ။

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည်၊ ရေပွက်ပမာ၊ တသက်လျာတည်း။

ညောင်ရမ်းမှာ ပေါ်ထွန်းခဲ့တဲ့ စာဆိုပညာရှင်တွေထဲမှာ ပင်လေးပင် ရှင်လေးပါး၊ ဝန်ဇင်းမင်းရာဇာတို့နဲ့အတူ ခုံတော် မောင်ကျပမ်းလည်းပါဝင်တယ်။

ကျဖမ်းစကားပြောပွဲမှာ သူပြောတာ ခေါင်းစဉ်နဲ့ အံဝင်ခွင်ကျ၊ ကျပန်း၊ ကျဖမ်း၊ ကျဘမ်းလို့ မူကွဲတွေရှိတယ်။ မြန်မာစာမှာ အဲလိုမူကွဲတွေရှိတာ သိသင့်တယ်။ အမိန်နဲ့ပြင်ခိုင်းတာ နေရာတိုင်းမှာတော့ မသင့်လို့ထင်ပါတယ်။

မြန်မာစာဘာသာ ကျတယ်ဆိုတာအတော်ရှား၊ သတ်ပုံမှားရေးသူတွေက အတော်များ။ မြန်မာစာကို အလေးထားကြတဲ့ ပညာရှင်တွေ ကျွန်တော်တို့ကို ခွဲခွာပြီး သွားကြလေပြီ။ မြန်မာစာအနာဂတ်အတွက် အတော်ကိုကြောင့်ကြမိပါသည်။

ဒေါက်တာတင့်ဆွေ
၂-၂-၂ဝ၁၈




Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး