ဥာဏ် နဲ့ ဉာဏ်

ဆရာ မောင်ဉာဏ ဖြစ်ရမှာ မောင်ဥာဏ ဖြစ်နေပါတယ်

အရင်ကလည်း မေးလို့ ရေးထားပါတယ်။

ဥာဏ်က အမှန်လား ဉာဏ်က အမှန်လား ပြောပြပေးပါအုံးခင်ဗျ။ အခုလို အမတ်တယောက်က တင်ထားတာတွေ့တော့ လူငယ်တော်တော်များများ အတုယူမှားသွားမှာစိုးလို့ပါ။

မေးတဲ့သူပို့ပေးတဲ့ ဦးဥာဏ်လင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ရွှေပြည်သာ) ရေးတဲ့ ဥါဏပစ္စည်းဥပဒေရေးဆွဲရေ့း့ ပုံကို မထည့်တော့ပါ။ ရေးချနဲ့ မောက်ချကတော့ ပြင်သင့်တယ်ထင်ပါတယ်။

အရင်ကထုတ်ထားခဲ့တဲ့ သတ်ပုံကျမ်းတွေမှာ ဥာဏ်ပညာ၊ ဥာဏ်တော်၊ ဥာဏ်မဏ္ဍိုင်၊ ဥာဏ်ရောင်ဝါ၊ ဗောဓိဥာဏ်၊ မဂ်ဥာဏ်ဖိုဥာဏ်၊ သဗ္ဗညုတဥာဏ်လို့ ရေးပါတယ်။ ဦးကိုလည်း သည်အတိုင်းရိုက်နှိပ်ပါတယ်။

မြန်မာ့စွယ်စုံကျမ်းထဲမှာ ပုံထဲပါအတိုင်း ပညာဥာဏ်ပြန်လည်ဆန်းသစ်ခြင်း။ (ရီနေဆွန်း) ဥာဏ်သစ်အရေးတော်ပုံလို့ ရိုက်နှိပ်ထားပါတယ်။

အခုခေတ်စာအုပ်တွေမှာတော့ ဉာဏ်စဉ်၊ ဉာဏ်တော်၊ ဉာဏ်တိမ်၊ ဉာဏ်တုံး၊ ဉာဏ်ထုံ၊ ဉာဏ်နုံ့၊ ဉာဏ်ပညာ၊ ဉာဏ်မီ၊ လို့တွေ့ရတယ်။

ပါဠိအဘိဓာန်မှာတော့ ဉာဏ် = သိခြင်း။ ပညာစေတသိက်လို့ ရိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂ဝ၁၆
၎-၂-၂ဝ၁၈



Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး