Gramophone ဓါတ်စက်

မင်္ဂလာပါဆရာ ကျန်းမာပါရဲ့လား ပြောရတာထပ်ခါထပ်ခါဖြစ်နေတာကိုအပ်ကြောင်းထပ်လို့သုံးမိပါတယ်။ မှန်ပါရဲ့လား မှားရင်အမှန်သင်ပေးပါဆရာ ကျေးဇူးတင်ပါတယ်ဆရာ။

နိုင်ငံတကာက ဒီစကားတွေကိုပဲ အက်ကြောင်းထပ်အောင် ပြောနေတယ်လို့ရေးတာ ဖတ်ရစဉ်က ဒီစာကို ရေးထားပါတယ်။ ၂ နှစ်ရှိပြီ။

အက်ကြောင်းထပ်လို့ရေးတာလည်း မမှားပါ။ အမှန်က အပ်ကြောင်းထပ်လို့ သုံးပါတယ်။

ဟိုအရင်က ဓါတ်စက်ခေါ်တဲ့ ဂရမ်မိုဖုန်းတွေရှိတယ်။ ဓါတ်ပြားနဲ့ အပ်သုံးတယ်။ အနက်ရောင်ဓါတ်ပြားဝိုင်းမှာ အဝိုင်းစင်းလေးတွေပါတယ်။ ဓါတ်ပြားကိုလည်နေစေပြီး အပေါ်ကဓါတ်အပ်ခေါ်တာကို အရစ်ဝိုင်းလေးပေါ်တင်ပေးတဲ့အခါ သွင်းယူထားတဲ့အသံ ထွက်တယ်။ ဓါတ်စက်က အိုဟောင်းလာရင် အဝိုင်းစင်းလေးတွေက ပူးကပ်ပြီး ဖွင့်နေတဲ့အသံ ထပ်ချည်းတလဲ ထွက်လာတယ်။ အဲတာကနေ အပ်ကြောင်းထပ်တယ်ဆိုတဲ့စကား ဖြစ်လာတယ်။

ဖေ့စ်ဘွတ်မှာတော့ သူများရေးထား၊ သူများလုပ်ထား၊ သူများတင်ထားတာတွေကို ထပ်ချည်းတလည်း တင်နေကြတာကိုတော့ အပ်ကြောင်းလည်းထပ်တယ်၊ အက်ကြောင်းလည်းထပ်တယ်လို့ ခေါ်နိုင်ပါတယ်။

ခေတ်ဟောင်းကအကြောင်းအရာတွေကို ထပ်ပြောနေတာကိုလည်း ဓါတ်ပြားဟောင်းကြီး ဖွင့်ပြန်ပြီလို့ ပြောလေ့ရှိတယ်။ ကျွန်တော်တို့လိုအရွယ်တွေပေါ့။ Smile! မေးနည်းစည်းကမ်းကို မနက်နေ့ညဖွင့်နေရလို့ ဓါတ်ပြားကွဲတော့မယ်။ No Smile!

ဒေါက်တာတင့်ဆွေ
၁၉-၁၂-၂ဝ၁၆
၁၄-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး