စော် နှင့် ဆော်

မနေ့ကသတင်းတပုဒ်မှာ YBS ပေါ်တွင် ဆော်ကားခံရ၍ ဖော်ထုပ်အရေးယူပေးပါလို့ ရေးထားတာ ဖတ်လိုက်ရပါတယ်ခင်ဗျား။

ဆော်ကားလို့ရေးတာမှားတယ်။ စော်ကားလို့ရေးရတယ်။ ဖော်ထုပ်လည်း မှားတယ်။ ဖော်ထုတ်လို့ရေးရတယ်။

စော်
နံစော်သည်
ချွေးစော်နံသည်
ပုပ်စော်
စော်ကားသည်
စော်ကဲ
စော်ဖွား
စော်ကန်

ဆော်
ဆော်အော (ဆော်သြ)
ဂဟေဆော်
နိဗ္ဗန်ဆော်

အွန်လိုင်းသတ်ပုံကျမ်းမှာပါတဲ့ ဆော်ကြူး၊ ဆော်ကြွေး နဲ့ ဆော်ဖန်တွေကို အရင်သတ်ပုံစာအုပ်တွေမှာ မတွေ့ပါ။ ဘန်းစကားမှာ စော်လို့သာသုံးတယ်။ (ကန်တော့ပါ။)

ဒေါက်တာတင့်ဆွေ
၈-၂-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး