Proverbs စကားပုံများ (ခ)

စကားပုံ၊ စကားထာ၊ ဆိုရိုးစကားတွေကို မမေ့ကြစေချင်ပါ။ ခ နဲ့စတာတွေကို တင်ပြလိုက်ပါတယ်။

ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း
ခရမ်းသီးပိန် ဓားတုံး
ခရု ခါးတောင်းကျိုက်ဖမ်း
ခလုတ်ထိမှ အမိတ
ခါချဉ်ကောင်မာန်ကြီးလို့တောင်ကြီးဖြိုမယ် ကြံခါးကမသန်
ခိုးစားမှ လူမိ
ခိုးစားတော့ခွေးဟောင် လယ်လုပ်တော့မိုးခေါင်
ခုစာကလေးကြော် ခုဆီထမင်း
ခုတ်ရာတခြား ရှရာတလွဲ
ခဲတလုံးနဲ့ ငှက်နှစ်ကောင်ပစ်
ခဲလေသမျှ သဲရေကျ
ချက်ဆို နားခွက်က မီးတောက်
ချစ်စကိုရှည်စေ မုန်းစကိုတိုစေ
ချစ်တိုင်းလည်းမညား ညားတိုင်းလည်းမချစ်
ချစ်ခြင်းအစ မျက်စိက
ချည်ပုဆိုးက ပိုးပေါင်းချင်
ချဉ်ချဉ်တူးတူး မူးပြီးရော
ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက်
ချွေးထွက်များမှ သွေးထွက်နည်းမည်
ခွေးရူးဖက်ကိုက် ခွေးကောင်းနားရွက်ပျက်
ခွေးရူးကောင်းစား တမွန်းတည့်
ခွေးမြီးကောက် ကျည်တောက်စွပ်
ခွေးလေးရောဝင် ပါးလျက်နားလျက်
ခွေးဟောင် တိုင်းထကြည့်လျှင် အိပ်ရေးပျက်
ခွေးဟောင်၍ တောင်ပို့မပြေး
ခွေးဟောင်လို့ တောင်မရွေ့
ခေါင်းတလုံးနဲ့ အိုးနှစ်လုံးမရွက်နိုင်
ခေါင်ကမိုးမလုံလျှင် တံစက်မြိတ်လည်းမလုံနိုင်
ချော့တခါ ခြောက်တလှည့်
ချောင်းကိုပစ်၍ မြစ်ကိုရှာ ရေသာများ၍ ငါးမတွေ့
ချောင်းကြီးတော့ မြစ်ဖြစ်
ချော်လဲ ရောထိုင်
ခြေမမကောင်းခြေမ လက်မမကောင်းလက်မ
ခြောက်ပြစ်ကင်း သဲလဲစင်
ခြောက်ပြော မြှောက်ပြော
ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်
-ျီးပါခါနီးမှ -ျီးခံတွင်းပေါက်ရှာ

ဒေါက်တာတင့်ဆွေ
၉-၂-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ