Female အမျိုးသမီးမှန်ရင်

၁။ ဆရာ

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

မိန်းကလေးပါဆရာ နှလုံးအောင့်အောင့်နေတာ တော်တော်ကြာပါပီဆရာ မနေ့က အသက်ရှူမရအောင် အရမ်း အောင့်တာကြောင့် ဆေးခန်းပြရင်း ecg ဆွဲလိုက်ပါတယ်ဆရာ နှလုံးခုန်မမှန်ဘူးလို့ပြောတယ်ဆရာ ဘာတွေ ဖစ်နိုင်လဲမသိဘူးဆရာ

ကြာပါပြီလို့ ရေးရတယ်။ ပါပီဆိုတာ ခွေးကလေးကိုခေါ်တယ်။ ဖြစ်နိုင်လို့ ရေးရတယ်။ ဖစ်လို့ မြန်မာစာမှာ မရှိပါ။ ဘာသာခြားစာလုံးကို အသံထွက်ယူတာမှာသာ သုံးပါတယ်။ ဖစ်လမ်း။ ဖစ်သခင်။ ဖစ်ရှားလမ်း။ ဝါဖစ်လေး။ ဦးဖစ်။ မဖစ်။

၂။ မ အသက် ၂၆ ပါ ကန်တော့ပါဆရာ ကျမ ရင်သားနားကြင်နေတာ ၃ရက်လောက်ရှိပါပြီ စမ်းကြည့်တော့ အကြိတ်တွေ မတွေ့ပါဘူး အစိုင်အခဲလိုမျိုးတော့တွေ့ပါတယ်ဆရာ လစဉ်ဖြစ်ဖို့ ၁၂ ရက်လောက်လိုသေးတယ်ဆရာ ကျန်တဲ့နေရာမှာလဲ အကျိတ်တွေဘာတွေ မရှိပါဘူးဆရာ အရမ်းကြီးမခံမရပ်နိုင်အောင်နာကြင်တာမျိုးတော့မဟုတ်ပါဘူး ထိမိတဲ့အခါ နာနေတာပါ ဘာကြောင့်ဖြစ်နိုင်လဲ စစ်ဆေးမှုတွေပြုလုပ်သင့်လားဆရာ။ ဆရာမိသားစု ကျန်းမာပါစေ။

နာကျင်လို့ ရေးရတယ်။ ကြင်နာလို့ ရေးရတယ်။ အကျိတ်လို့ ရေးရတယ်။

နေမကောင်းသူက မိန်းကလေး၊ အမျိုးသမီးဆိုရင် ရာသီ သိချင်တယ်။ အိမ်ထောင်ရေး (အတူနေ) သိချင်တယ်။ ကိုယ်ဝန် သိချင်တယ်။ သားသမီးမွေးတာသိချင်တယ်။ လိုလို့ မေးရတာဖြစ်တယ်။

အစုံအလင် မပြောချင်သူတွေကလည်း ဘလော့မှာ ဖတ်နိုင်ကြပါတယ်။

ဒေါက်တာတင့်ဆွေ
၉-၂-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး