Ca Liver အသည်းကင်ဆာ အမေး-အဖြေ

Ca Liver အသည်းကင်ဆာ အမေး-အဖြေ

Sun, May 17, 2015 at 10:42 AM
ဒေါက်တာ သမီးအမေ အသက် ၆၅ နှစ်။့ နိုင်ငံ၊့ မှာနေကြပါတယ်။ အခု အမေက အသည်းကင်ဆာ အဆင့် ၄ တဲ့။
ရောဂါကုလို့ရလား။ အသည်းအစားထိုးလို့ရပါလား။ ဘာအစားအစာများ ကျွေးရပါ့မလဲ။ အခု အမေက အစားမစား၊ အိမ်သာမသွား အဖျားလည်းရှိ၊ ကိုယ်လည်းပူပါတယ်။ ဝေဒနာရောဂါခံစားရသက်သာအောင် ဘာလုပ်ပေးသင့်ပါသလဲ။
ဘယ်လို ပြုစုစောင့်ရှောက် သင့်ပါသလဲ။

(ဘီ) ပိုးအကြောင်းထဲမှာ အသည်းကင်ဆာနဲ့ ပတ်သက်ပြီး ကျွန်တော်က ရောဂါနာမယ်တပ်ပြီးတဲ့နောက် ၆ လထက် ပိုမနေရပါလို့ ရေးခဲ့ပါတယ်။ ဒီရေးသားချက်ဟာ ပညာရှင်သိပ်မဆန်တာကို ဝန်ခံရမှာပါ။ အတွေ့အကြုံအရ ရေးလိုက်တာပါ။

ကျွန်တော့်လုပ်သက် အခုဆို အနှစ် ၃ဝ တော့ ကျော်ပြီပေါ့။ နေရာဒေသလဲ စုံတယ်ပေါ့။ လူနာအားလုံးကတော့ မြန်မာပြည်သား ချည်းပါ။ အသည်းကင်ဆာလူနာပေါင်းက ၁ဝဝ မကျော်ပါ။ ကျွန်တော်သိတဲ့ အသည်းကင်ဆာ လူနာတွေထဲမယ် ဆင်းရဲတဲ့လူရော၊ ချမ်းသာသူရော၊ ဆရာဝန်ပါ ပါတယ်။ သုတေသနတခုဆိုတာ ဒီလောက်နဲ့ မရသင့်ပါ။ သေခြောတာက ယောက်ျားက လုံးဝအများစုဖြစ်တယ်။ ကုသကြတာကလဲ တိုင်းပြည် ၃ ခု (မြန်မာပြည်၊ အိန္ဒိယ နဲ့ ထိုင်း) တွေမှာ ဖြစ်ပေမဲ့ အားလုံး ၅ နှစ်မခံကြပါ။ အခုစာကို ပြန်မွမ်းမံချိန်မှာတော့ နောက်တိုင်းပြည်တခုရောက်နေရပြန်ပြီ။

ပညာရှင်ဆန်အောင်ပြန်ရေးရရင် အသည်းကင်ဆာဆိုတာ သူ့မှာစဖြစ်တာနဲ့ သူ့ဆီကို တခြားနေရာတခုကနေ ရောက်လာပြီး အသည်းမှာကင်ဆာဖြစ်ရတာနှစ်မျိုးက အသက်ရှည်မှာခြင်း မတူကြပါ။ တခြားနေရာကနေ အသည်းကို ပြန့်လာတာက ပိုဆိုးတယ်။ တချို့က ၃ လ ကနေ ၄ နှစ်ခံတယ်လို့ ခြုံပြောတာလဲရှိတယ်။ USA မှာဆိုရင် ၁၉၉၉ သုတေသနအရ လူနာ ၁၂၃၈၂ ထဲက ၇% ဟာ ၅ နှစ်အထိ ရှင်တယ်။ ၁၉၉၂-၁၉၉၉ အရဆိုရင် ၅% ဟာ ၅ နှစ်အထိ ရှင်တယ်။ ၁၉၈၃-၁၉၉ဝ အရဆိုရင် ၆%။ သူတို့သုတေသနမှာလဲ အမျိုးသမီးတွေက ပိုကြာကြာနေရတယ်။ ဥပမာ လူဖြူအမျိုးသမီးတွေက ၁ဝ့၆% ၅ နှစ်ရှည်တယ်။

သုတေသနစာတွေကိုလေ့လာရင် အများကြီးနဲ့အမျိုးမျိုးတွေ့ပါမယ်။ ဒါပေမဲ့ ထပ်သိဘို့လိုတာတခု ရေးရအုံးမယ်။ အသည်းကင်ဆာ ကုသရေးဆိုတာ ဘီလျံဒေါ်လာစီးပွါးရေးဖြစ်ပါသတဲ့။ စီးပွါးရေးသမားတွေက ကြော်ညာ အင်မတန် ကောင်းတာကလား။

Jun 3, 2011 at 6:32 PM
ကျွန်တော့် အကိုကြီးသည် အသည်းတွင် အလုံးတွေ့သဖြင့် 2.4.2011 နေ့က ခွဲလိုက်ပါသည်။ အသည်းကင်ဆာ အဆင့် 2 ဟု ပြောပါသည်။ သည်းခြေအိတ်တွင်လဲ ကျောက်တည်သဖြင့် သည်းခြေအိတ် ထုတ်လိုက်ပါသည်။ ယခု 2 လ ကျော် လာသောအခါ အတ်ထာစောင်း ထပ်ရိုက်ရာ အသည်းတွင် အလုံးတစ်လုံး ထပ်တွေ့ပါသည်။ ဆရာဝန်က ထပ်ခွဲဖို့ မသင့်တော်ဟု ပြောပါတယ်။ ဆေးဖြင့် ပိတ်လို့ရရင်ရ ဓါတ်ကင်လို့ရရင်ရ နောက်ဆုံးအဆင့် အသည်းလဲဖို့ ပြောပါတယ်။ အသည်း ကင်ဆာ ဒီလောက် မြန်မြန် အလုံး ပြန်ထွက်တက်ပါသလား။ ယခုအချိန်ထိ ခွဲတုန်းက ဗိုက်တွင် ပလတ်စတစ် ဗူးလေးဖြင့် ပိုက်တပ်ထားရာ အထဲက အရည်သည် သွေးရောင် အနှောက်ပြစ်ပြစ်တွေ ထွက်နေသဖြင့် မဖြုတ်ရသေးပါ။ အသည်းကင်ဆာ အစားအသောက် နေထိုင်ပုံများရှိရင် တဆင့်ပို့ပေးရန် အကူအညီတောင်းပါတယ်။ ဆရာရေးသော ပို့စ်များကို လေ့လာဖတ်ပါတယ်။ အသည်းအကြောင်း ရေးထားသော ပို့စ်များကို တစ်စုထဲ တင်ထားသော နေရာ ရှိပါသလား။ အကိုကြီးသည် စီပိုး ဘီပိုးလဲ ရှိပါသည်။ နောက်ဆုံးသိလိုသည်မှာ ဆက်ကုလို့ အဆင်ပြေမပြေ သိချင်ပါသည်။ ယခု သူက တချက်တချက် အောင့်နေပါတယ်။

• အသည်း-ကင်ဆာဟာ ကင်ဆာထဲမှာ ဆိုးတဲ့ အမျိုးအစားထဲမှာ ထိပ်ကရှိတယ်။ ဆောရီး။
• ကျွန်တော့် အတွေ့အကြုံအရ ရောဂါအမည် တပ်ပြီးနောက် ၆ လ သာခံတယ်။ အတွေ့အကြုံဆိုတာ လွန်ခဲ့တဲ့ ၂ဝ နှစ်ကသာ ဖြစ်ပါတယ်။ အဲဒီကာလတုံးက ဆေးတွေ၊ ဆေးအထောက်အကူတွေ၊ စမ်းသပ်နည်းတွေ အတော် နောက်ကျနေခဲ့တာပါ။ တိုင်းပြည် ကျန်းမာရေးအခြေအနေကလဲ အခု ပိုကောင်းနေ-မနေ အထဲကလူတွေက ပိုသိမှာပါ။ အသည်းလဲတယ်ဆိုတာ မြန်မာပြည်မှာ မရှိသေးဘူး။ အခုဆို ကျွန်တော်နေတဲ့ တိုင်းပြည်ကိုလာပြီး အသည်း လာလဲနေသူတွေ တရက်မှ မပြတ်ရှိနေတယ်။
• ခွဲစိတ်အပြီး အရည်ထုတ်ပြွန်ကို ထွက်စရာကုန်မှ ဖြုတ်ပါမယ်။
• အစားအသောက်ကတော့ ခွဲစိတ်ပြီးရင် မေ့ဆေးလဲ ပျယ်ရင် စားနိုင်ပြီလို့ ခွဲစိတ်ဆရာဝန်က ညွှန်ရင် ရှောင်စရာ များများမရှိပါ။ အသည်းဆိုတာ အဆိပ်အတောက် မှန်သမျှ ချေဖျက်ပေးတယ်။ အစားထဲကနဲ့ ဆေးဝါးထဲက မသင့်တာတွေကို ချေဖျက်တယ်။ ဆေးလိပ်-အရက်ကတော့ ပြောစရာမလိုဘူးပေါ့။ ဆေးကိုလဲ ဆေးရုံက ညွှန်ရင် ကိစ္စမရှိပါ။ သည်းခြေအိတ်ပါ ဆက်နေတာမို့ ဆီ-အဆီကို နည်းစေရမယ်။
• နောက်တချက် တိုင်းရင်းဆေး၊ မြန်မာဆေးစတာက အသည်းကအလုပ်ကောင်းကောင်းမလုပ်နိုင်တာမို့ မသင့်ပါ။
• နောက်အရေးကြီးတာ ပြောပါရစေ။ ဒီလိုမျိုးဆိုးဝါးတဲ့ ဝေဒနာရှိသူတိုင်း ကံတရားနဲ့ စိတ်အားတွေကို အားကိုးသင့်ကြတယ်။ လူနာစိတ်ချမ်းသာအောင်၊ စိတ်အားတက်အောင်၊ ကူညီသင့်ကြတယ်။ ကံတရားဆိုတာတော့ ဆရာဝန်ကနေ တရားဟောစရာ မလိုလောက်ပါ။

Dr. တင့်ဆွေ
၃ဝ-၈-၂ဝဝ၉
၁၇-၅-၂ဝ၁၅

Comments

  1. ကျမ အမေက အသည်းမှာအလုံးတွေ့တယ် ခွဲထုတ်ရမယ် ကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့ပြောပါတယ် အရွယ်က ၄စင်တီမီတာတဲ့ အသက်က ၇၀ကျော်ဆိုတော့ မခွဲချင်ပါဘူး ဘယလုပ်သင့်လည်းဆိုတာ တတ်ကျွမ်းသူများဆွေးနွေးပေးစေချင်ပါတယ် ကျေးဇူးအမျာြးီ့းလည်းတင်ပါတယ်ရှင့် ကူညီကြပါဦးနော် ကျမလည်းရင်တွေပူနေပါပြီ

    ReplyDelete

Post a Comment

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး