Osteophytosis အရိုးရောဂါတမျိုး

ဒေါက်တာရှင့် သမီးအခုတလောခံစားနေရသော ဝေဒနာမှာ ညာဘက်ခြမ်း လက်ပြင်ကြောနှင့်တကွ ညာလက်မောင်း ညာဘက် လက်ဖျားအထိ အကြောများ ညောင်းညာကိုက်ခဲခြင်း၊ ညာဘက်ပုခုံးမှအစ အဆစ်များကိုက်ခဲခြင်း၊ ညာဘက် လက်ချောင်းထိပ်များ ထုံကျင်ခြင်း ခံစားနေရပါတယ်။ ဂုတ်ကြောများလဲ တောင့်တင်းပြီး နေမထိထိုင်မသာ ဖြစ်နေပါတယ်။ ညာလက်နဲ့စာရေးရပါသောကြောင့် စိတ်တိုင်းမကျနိုင်ပါ။ အသက်က ၄၄ နှစ်နှင့် ရုံးဝန်ထမ်းပါ။့ မှာ မိဝေးဖဝေးနဲ့ အလုပ်လုပ်နေရတာပါ။ နေမကောင်းသောကြောင့် အိမ်ပြန်ချင်ပေမဲ့ ခွင့်ကနောက်နှစ်မှ ပြန်ရမှာကြောင့် စိတ်လဲမကောင်းပါ။ ဆေးရုံမှာသွားပြတော့ ဆရာဝန်က နာတာသက်သာအောင်ဆေးထိုးပြီး၊ သွေးစစ် x Ray ရိုက်ခိုင်းပါတယ်။ တခုထူးခြားတာက စတင်နာသောနေ့ နောက်နေ့မှာ ညာဘက်လက်ဖျံမှာ အမဲရောင် အကွက်လေး ရှိနေတာ တွေ့ရပါတယ်။ သေးပြီး ကိုက်တဲ့သွားရာတော့ မတွေ့ပါဘူး။ သမီးအခန်းက စတိုခန်းနဲ့ ကပ်ရပ်ဆိုတော့ ပိုးဟပ် ပင့်ကူရှိတတ်ပါတယ်။ ဆေးခန်းက စစ်ချက်တွေကို အတက်ရှ်တွဲလိုက်ပါမယ်။ ဆေးပိုင်းဆိုင်ရာ စကားလုံးတွေကို သမီး နားမလည်ပါဘူး။ ဒေါက်တာအားရင်ဖြင့် ဘာစားသင့်တယ်ဆိုတာ အကြံပြုပေးစေချင်ပါတယ်။

Osteophytosis အရိုးရောဂါတမျိုးဟာ ရှိနေပေမယ့် ဘာမှမခံစားရတာကနေစတယ်။ နာလာရင် မေးတဲ့သူရေးထားသလို ဖြစ်တယ်။ တခါတလေ အတော်နာမယ်။ တခါတလေ မဆိုးပါ။ ကြားထဲမှာ သက်သာနေမယ်။ ၂-၄ နှစ်ကြာအထိ ဖြစ်တတ်တယ်။ ဖြစ်တဲ့နေရာအပေါ်မှာလည်း မူတည်တယ်။ မေးတဲ့သူမှာ ရင်ခေါင်းပိုင်းနောက်ကြောရိုးမှာဖြစ်နေတယ်။ ခါးရိုးမကြီးကို အပေါ်ကနေအောက် လည်ပင်း၊ ရင်ခေါင်း၊ ခါးနဲ့ တင်ဆိုပြီး အပိုင်းခွဲပြောရတယ်။

မေးတဲ့သူလို ရင်ခေါင်းမှာဖြစ်သူတွေက နားပေးရမယ်။ အဲတာနဲ့ရတာများတယ်။ Osteophytes ခေါ်တဲ့ အရိုးချွန်လေးတွေက ညီညာတယ်။ ဖြစ်တာတာလည်း အချိန်ယူတယ်။ အသက်ရလို့ပြောင်းလာတာမျိုးနဲ့ ဆင်တယ်။ သူ့ချည်းက နာစေတာမဟုတ်ပါ။ အာရုံကြောကိုဖိနေရင်တော့ နာမယ်။

ဆေးလိုနိုင်တယ်။ Ibuprofen နဲ့ Naproxen ကို အသုံးများတယ်။ တနေ့ ၃-၄ ကြိမ်အထိ သောက်ရတတ်တယ်။ တလ ဆက်တိုက်သောက်နေရသူလည်းရှိတယ်။ စားေးန့မရသူတွေကို ဖြစ်တဲ့နေရာမှာ Cortisone Injections ကော်တီဇုန်းဆေး ထိုးပေးတယ်။ ဆေးအရှိန်ရှိနေရင် နာတာနဲ့ ရောင်တာတွေ သက်သာပျောက်ကင်းနေမယ်။ ဘယ်လိုနေရင် မနာဘူးလဲ ကိုယ်တိုင်သိပြီး ဆင်ခြင်ပါ။

- Ibuprofen (Advil, Motrin, Nuprin) 200-400 mg အနာကိုသက်သာစေတဲ့ အဆင့် (၂့၅)။ ဘေးထွက်ဆိုးကျိုး = အလာဂျီရခြင်း၊ ပန်းနာ၊ ဗိုက်အောင့်၊ ကိုယ်ဝန် တတိယ ၃ လနောက်ပိုင်း မပေးသင့်။

- Ibuprofen (Motrin 800) 800 mg အနာကိုသက်သာစေတဲ့ အဆင့် (၃့၅)

- Naproxen sodium (Aleve, Naproxen) 220 mg အနာကိုသက်သာစေတဲ့ အဆင့် (၃)။ ဘေးထွက်ဆိုးကျိုး = နှလုံးရောဂါ၊ အစာအိမ်အောင့်၊ နို့တိုက်မိခင်တွေကို မပေးသင့်။

- Ibuprofen or Diclofenac တွေကို လိမ်းဆေးကိုလည်းသုံးနိုင်တယ်။

1. Narcotic Pain Medications ဘိန်းပါတဲ့ အနာသက်သာဆေး အပြင်းစားများ http://dts-medicaleducation.blogspot.in/2013/10/narcotic-pain-medications.html
2. NSAIDs (1) အကိုက်အခဲပျောက်ဆေးများ http://dts-medicaleducation.blogspot.in/2012/06/nsaids.html
3. NSAIDs (2) အကိုက်အခဲပျောက်ဆေးတွေကို လေ့လာခြင်း http://dts-medicaleducation.blogspot.in/2011/11/nsaid.html
4. Painkillers (1) အနာသက်သာဆေးများ (၁) http://dts-medicaleducation.blogspot.in/2012/06/painkillers.html
5. Painkillers (2) အနာသက်သာဆေးများ (၂) http://dts-medicaleducation.blogspot.in/2013/11/painkillers-2.html
6. Steroid injections (စတီရွိုက်) ထိုးဆေး http://doctortintswe.blogspot.com/2014/10/steroid-injections.html

ဒေါက်တာတင့်ဆွေ
၂-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး