Water bag ရေအိတ်ကိုသာ သိချင်တာပါ

May 8th, 2:20pm
မင်္ဂလာပါဆရာ သမီး ၁ ခုလောက် သိချင်လို့ အမျိုးသမီးတွေအတွက် ရေအိတ်အကြောင်းနဲ့ ပတ်သတ်ပြီး သမီး ကလေးရဖို့ ကြိုးစားတာ ၃ နှစ်လောက်ရှိနေပြီ မဖြစ်သေးဘူးဆရာ ပြီးရင် လတိုင်းလိုလိုဘယ်ဘက်အခြမ်းက ချက်အောက်ဘေးနားမှာ နာတယ်ဆရာ။ သူများပြောတာ အဲ့တာရေအိတ်ရောင်တာလို့ ပြောကြတယ်ဆရာ။ အာ့ကြောင့် ရေအိတ်အကြောင်းလေ share ပေးပါလို့ တောင်းဆိုပါတယ်ဆရာ။ အဲ့တာဖြစ်ရင်ဘယ်လိုကုရ ဘာတွေလုပ်ရ ကလေးဖြစ်မဖြစ် အန္တာရာယ်ရှိမရှိ ဆိုတာသိချင်ဘာတယ်ဆရာ။ Thanks you ဆရာ။ ကလေးမရနိုင်တဲ့အရာတွေ ဆေးသောက်ထိုး ဘယ်တော့မှ မလုပ်ဖူးဘူးဆရာ။

အသက် မသိပါ။ အိမ်ထောင်ရေးနဲ့ ရာသီ မသိရပါ။ အာလ်ထွာဆောင်းရိုက်သလား မသိပါ။

May 8th, 11:53pm
အသက် ၂၅ ရာသီ ပုံမှန် အာလ်ထာဆောင်းမရိုက်ဖူးဘူး။

ရေအိတ်ဆိုတာ အရပ်ခေါ်မတူကြပါ။ ရောဂါတခုခုကိုသိချင်တာလား။ ဖြစ်နေတာ တခုခုကိုပျောက်ချင်တာလား။ ဖြစ်နေတာနဲ့ ပျောက်ချင်တာဘာလည်း။ ရောဂါအကြောင်းသာသိချင်ရင် ရေအိတ်က ဘယ်မှာရှိတဲ့ရေအိတ်လည်း။

May 9th, 12:24am
အဲ့ပုံကရေအိတ်အကြောင်းပါဆရာ။ သမီးလဲ ပုံမှာပြထားတဲ့နေရာမှာပဲ နာတယ် ဘိုက် လတိုင်း။ ရာသီဖြစ်ရင်တော့ မနာဘူးဆရာ ဖြစ်ပြီး ၃ ၇က်နောက်ဆိုစနာပြီ။ ၂ နှစ်လောက်ရှိပြီ နာနေတာဆရာ။

ကိုယ့်အကြောင်းထက် စာထဲကအကြောင်းကိုသာ စိတ်ဝင်စာရရင် အဲဒီမှာဖတ်နိုင်ပါတယ်။ ဆရာက မေးလာသူရဲ့ရောဂါကို ဖြေပါတယ်။ သိချင်တဲ့ဆေးပညာစာတွေ ၁ဝဝဝ ကျော်ကို ဆရာ့ဘလော့ခ်မှာလည်း ဖတ်ချင်သူ ဖတ်နိုင်ပါတယ်။

မျိုးဥအိမ်မှာ အလုံး-အကျိတ်-ရေအိတ်ဖြစ်သူဆိုတာ တယောက်နဲ့တယောက်မတူပါ။ ဘယ်ဘက်နဲ့ညာဘက်လည်းမတူပါ။ ညာဖက်ဖြစ်သူတွေက အူအတက်ကိုလည်းစဉ်းစားရတယ်။ သားအိမ်ပြင်ပကိုယ်ဝန်စဉ်းစားရတယ်။ တခြားတခြားလည်း စဉ်းစားစရာတွေ လူတဦးချင်းအလိုက်ရှိသေးတယ်။

ကိုယ့်ရောဂါကို သိအောင်လုပ်ဘို့ထက် ပုံထဲကအအကြောင်းသာသိချင်တာဆိုရင် အဲဒီပုံပါစာကိုသာဖတ်ပါ။ ကလေး မရသေးတာအတွက် OG ပြသင့်တယ်။ သားအိမ်၊ မျိုးဥအိမ်၊ သားအိမ်ပြွန်ကို အာလ်ထွာဆောင်းရိုက်မှ သိတယ်။ ဆရာဝန်ပြတာ၊ စစ်ဆေးတာမလုပ်သေးပဲ ဆရာဝန် မဟုတ်သူပြောတာကိုသာ လိုက်နာချင်သူမျိုးက ဆရာဝန်ကိုလည်း မေးမနေသင့်ပါ။ ဆောရီး။

မျိုးဥအိမ်ရောဂါစာတွေရဲ့လင့်ခ်တွေပို့ပါတယ်။
1. Ovarian Cyst မျိုးဥအိမ်အကျိတ် http://doctortintswe.blogspot.com/2015/04/ovarian-cyst.html
2. Ovarian Cyst ကိုယ်ဝန်မဟုတ်တဲ့ ဗိုက်ထဲကအလုံး http://doctortintswe.blogspot.com/2015/02/ovarian-cyst.html
3. Polycystic Ovarian Syndrome (PCOS) ရာသီမမှန်ရင် ဖတ်ပါ http://doctortintswe.blogspot.com/2014/10/polycystic-ovarian-syndrome-pcos.html
4. Chocolate cyst ချောကလက် ဆစ် http://doctortintswe.blogspot.com/2014/11/chocolate-cyst.html

မှတ်ချက်။ မေးခွန်းထဲမှာ (၄) နေရာပါတဲ့ ရေအိတ်မှာ ပ သတ်ကို တ သတ် ပြင်ပေးထားပါတယ်။ ပုံက မေးတဲ့သူပို့ပေးတဲ့ပုံ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၉-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး