မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Wednesday, December 14, 2016

Clomid ကလိုမစ်ဆေး

Clomiphene Citrate ကလေးမရနိုင်သူများအတွက်ဆေး

(ကန်တော့ပါ)

Clomifene ဆေးကို ၁၉၆ဝ ကတည်းက သုံးနေခဲ့တယ်။ အရင်ကတော့ ရာသီသွေး နည်းတဲ့သူတွေကိုသာပေးတယ်။ အခုနောက်ပိုင်းမှာ ကလေးရအောင်လုပ်နည်းအတွက် အတော်များများသုံးနေကြပြီ။ Clomiphene Citrate ကို Clomid, Fertomid, Milophene, Serophene ဆိုတဲ့ နာမည်တွေနဲ့ ရောင်းတယ်။ Selective estrogen receptor modulator (SERM) လို့ ခေါ်တယ်။

အမျိုးသမီးတွေကိုပေးရင် မျိုးပွါးရာမှာ မရှိမဖြစ်လိုအပ်တဲ့ မျိုးဥထွက်စေအာင် လှုံ့ဆော်အားပေးတယ်။ ရာသီတလရဲ့ အစောပိုင်းရက်တွေမှာ ၅ ရက်ဆက်တိုက် သောက်စေတယ်။ ၃ လကနေ ၆ လအထိ ပေးတတ်တယ်။ အတိအကျ လိုအပ်မဲ့ Dose ဆေးအဆကို ပြောမရလို့ ဆေးကို နောက်ပိုင်းမှာ တိုးတိုး ပေးရတတ်တယ်။ Dose ကိုသိလာရရင် အဲဒီ Dose အတိုင်း ၃ လဆက်ပေးမယ်။ ၆ လနေလို့မှ ကိုယ်ဝန်မတည်ရင်တော့ ဒီနည်းနဲ့ မရနိုင်ဘူးလို့ ပြောနိုင်ပြီ။

သဘာဝနည်းနဲ့ကလေးယူဘို့မှာ မျိုးဥမထွက်တဲ့အမျိုးသမီးတွေကိုဆေးပေးနည်း
50 mg တလုံးကို နေ့တိုင်း ၅ ရက်သောက်ရမယ်။ ၃ လကြိုးစားလို့ မျိုးဥမထွက်သေးရင် 100 mgs ကို နေ့တိုင်း ၅ ရက်၊ နောက် ၃ လပေးမယ်။ ရာသီစလာတဲ့နေ့ရဲ့နောက် ၃-၄-၅ ရက်မှာ စသောက်ပါ။ ၅ ရက် ဆက်တိုက်သောက်ပါ။ 100 mgs ထက်ပို ပေး-မပေး ဆွေးနွေးနေဆဲဖြစ်တယ်။

မနက်မှာသောက်ရင် ၅ ရက်လုံး မနက်မှာသောက်ပါ။ နောက်ကျသွားရင်လဲ သတိရတာနဲ့ ချက်ချင်းသောက်ပါ။ တရက်နောက်ကျရင် ဆေး ၂ လုံး တခါတည်းသောက်ပါ။ မျိုးဥထွက် မမှန်သူနဲ့ မျိုးဥ လုံးဝမထွက်သူတွေကိုပေးရင် ၈ဝ% မျိုးဥထွက်မယ်။ ဆေးကုတာ ၉ လရှိသူတွေထဲက ၇ဝ-၇၅% ကိုယ်ဝန်ရတယ်။ သဘာဝအမျိုးသမီးတွေထက် ကလေး ပျက်ကျနှုန်း ပိုတော့များတာ အရင်ကတွေ့ရတယ်။ နောက်ပိုင်း အဲလိုမဟုတ်ပါဘူးလို့ ပြောလာတယ်။

Clomiphene နည်းကြောင့် ကိုယ်ဝန်ရရင် ၅-၈% မှာ အမွှာတွေ ဖြစ်မယ်။ ပုံမှန်အမွှာဆိုတာ ၁-၂% သာရှိတယ်။ Twins ကလေး ၂ ယောက်တွဲသာ ဖြစ်ပါမယ်။ Triplets ဆိုတာ ရှာမှရှား ဖြစ်နိုင်တယ်။ ဆေးက ကလေးကို ဒုက္ခမပေးပါ။
ကလေးရအောင် လိုအပ်သေးတဲ့ Estrogen ဟော်မုန်း အနည်း-အများလဲ မှန်နေရမယ်။ ဦးနှောက်ထဲက ဟော်မုန်းတွေ ထွက်ရာ Pituitary gland ကလည်း မှန်မှန် အလုပ်လုပ်နေဘို့လိုပါတယ်။ သူ့ခင်ပွန်းကလဲ ကလေးရနိုင်သူ ဖြစ်ရပါမယ်။

ဘေးထွက်သက်ရောက်မှုတွေ = မျိုးဥအိမ်ကကြီးလာမယ်။ ဗိုက်အောင့်မယ်။ ပျို့ချင်-အန်ချင် ဖြစ်မယ်။ ဆိုးဝါးသူတွေမှာ အသက်ကို အနရာယ်ပေးနိုင်တယ်။ မျက်နှာတွေ နီမြန်းမယ်။ စိတ်တိုမယ်။ ခေါင်းကိုက်မယ်။ သားအိမ်အဝက ချွဲတွေ စေးပြစ်လို့ သုတ်ပိုးအလွယ်နဲ့ ဝင်မရဖြစ်နိုင်တယ်။ ဒါ့ကြောင့် ဆေးသုံးနိုင်တယ်။ လိုအပ်ရင် သုတ်ပိုးကို သားအိမ်ထဲ ထည့်ပေးရမယ်။ ရင်သားတွေ တင်း-နာမယ်။ မျက်စိဝေဝါးနိုင်တယ်။ ရှားရှားပါးပါး ဆံပင်ကျွတ်မယ်။ အားယုတ်မယ်။ အိပ်ရေးပျက်မယ်။

In vitro fertilization (IVF) or Gamete intrafallopian transfer (GIFT) နည်းပညာတွေသုံးပြီး မျိုးဥကို များစေ-ပွါးစေအောင် လုပ်ရသေးတယ်။ ဒီဆေးကနေ အဲလို အပြင်မှာ မျိုးစပ်ပြီးနောက် Intrauterine insemination or Artificial insemination သူ့ သားအိမ်ထဲ သန္ဓေကို လာထည့်ပေးခံမဲ့ မျိုးဥထွက် မမှန်သူ အမျိုးသမီးအတွက်လဲ အကျိုးရှိစေတယ်။
Clomiphene ဆေးကို တခြားဆေးတွေနဲ့လဲ တွဲပေးတတ်တယ်။ အမျိုးသမီးလူနာက အလွန်ဝပြီး Polycystic Ovary Syndrome (PCOS) ရောဂါလဲရှိနေသူဖြစ်ရင် ကိုယ်အလေးချိန်ကို အရင် ချခိုင်းရမယ်။ Body mass index (BMI) ကျစအောင် အစားရှောင်နည်းနဲ့ လေ့ကျင့်ခန်းလုပ်ခိုင်းမယ်။ မရသေးရင် Insulin metabolism ကို ပြင်တဲ့ဆေး ပေးရမယ်။

ဆေးပေးပြီး အမျိုးသမီးရဲ့ မျိုးဥထွက်တာ၊ မျိုးဥရဲ့ အရည်အသွေးတွေကို စမ်းသပ်စစ်ဆေးတာကို Clomiphene challenge test ခေါ်တယ်။ ဆေးကနေ မျိုးဥအိမ်က ထွက်ပေးနေတဲ့ (FSH) ဟော်မုန်းကို အားပေးလိမ့်မယ်။ ဆေးပေးပြီးနောက်ရက်မှာ သွေးထဲက FSH က အရင်လို ပုံမှန်ကိုပြန်ကျသွားတယ်ဆိုရင် (နော်မယ်) လို့ပြောနိုင်တယ်။ တကယ်လို့ မြင့်မားနေမယ်ဆိုရင်တော့ ဒီအမျိုးသမီးဟာ Ovarian reserve မျိုးဥအိမ်အလုပ် နည်းနေတယ်။ ဒီလို အမျိုးသမီးက Donor eggs သူများ လှူထားတဲ့ မျိုးဥကို သုံးရတော့မယ်။

ကလေးမရသေးတဲ့စုံတွဲတွေ ဆေးစစ်တာတွေ စုံအောင်လုပ်ရမယ်။ ကျန်းမာရေး ရာဇဝင် ကျကျနနယူမယ်။ ကိုယ်ကာယ စစ်ဆေးမှုတွေ လုပ်မယ်။ Semen analysis သုတ်ပိုးစစ်ဆေးမယ်။ Pituitary, Thyroid, and Adrenal function ဟော်မုန်းထွက်ရာတွေ အကုန်စစ်မယ်။ Endometriosis သားအိမ်ရောဂါ မရှိတာစစ်မယ်။ ယောက်ျားမှာလဲ အပြစ်ကင်းနေမှသာ Clomiphene ဆေးနည်းသုံးတာဟာ စိတ်ချရတဲ့ နည်းလမ်းကောင်းလို့ သတ်မှတ်တယ်။ Clomifene ဆေးကို အားကစားလောကမှာ သုံးကြတယ်။ မသုံးရလို့ World Anti-Doping Agency က သတ်မှတ်ထားတယ်။

ဘာကြောင့် ကလေးမရနိုင်မှန်း မသိသူတွေကိုတော့ ဒီ Clomiphene ဆေးက ကိုယ်ဝန်ရစေမယ်လို့ မပြောနိုင်ဘူး။ Insemination procedure အပြင်ကနေ သုတ်ပိုးထည့်ပေးခံမဲ့ အမျိုးသမီးကို မျိုးဥတွေ ပွါးများလာအောင် လုပ်ပေးရာမှာ အထိရောက်ဆုံး ဖြစ်တယ်။

Clomiphene ဆေးကို ယောက်ျားတွေအတွက်လဲ သုံးတယ်။ သုတ်ပိုး နည်းနေသူတွေအတွက် ကောင်းစေမယ်။ သုက်ပိုးထွက်တာအားပေးဘို့ဖြစ်တယ်။ သူတို့မှာ တက်စတိုစတီရုန်းနည်းနေတယ်။ အဲဒီဟော်မုန်းပေးတာက သတိအလွန်ထားရလို့ Clomiphene ကိုပေးတယ်။ အမျိုးသမီးကိုပေးရင် (FSH) ဟော်မုန်းရော (LH) ဟော်မုန်းကိုပါ ထွက်စေတယ်။ အမျိုးသမီးကို တားဆေးတွေထဲမှာပါတဲ့ အီစထိုဂျင်ပါတာပေးရင် ကလေးမရစေပါ။ Clomid ဆေးကို အမျိုးသမီးတွေကို တလမှ ပဌမဆုံး (၅) ရက်သာပေးတယ်။ အမျိုးသားတွေကိုတော့ နေ့စဉ်ပေးရတယ်။ clomiphene 25 mg ပေးရတာများတယ်။ တက်စတိုစတီရုန်းများလာရင်တော့ တရက်ခြားသာပေးမယ်။ သုက်ပိုးနည်းသူယောက်ျားတွေကို letrozole ဆေးလည်းပေးနိုင်တယ်။ အဲတာကြောင့် clomiphene ဖြစ်ဖြစ် letrozole ဖြစ်ဖြစ်ပေးတယ်။ ရက်ပေါင်း ၉ဝ ရက်ကနေ ၁ဝ၈ ရက်အထိ အချိန်ယူတယ်။ ပဌမတလမှာ သုက်ပိုးများလာပါမယ်။

- Clomiphene Citrate ကလေးမရနိုင်သူများအတွက်ဆေး http://doctortintswe.blogspot.com/2014/11/clomiphene-citrate.html
- Ovulation test မျိုးဥ ထွက်-မထွက် စမ်းနည်း http://doctortintswe.blogspot.com/2014/11/ovulation-test.html
- Clomiphene Brand Name မျိုးဥထွက်ဆေး http://doctortintswe.blogspot.com/2014/11/fertomid.html
- Fertomid မျိုးဥကျွေဆေး http://doctortintswe.blogspot.com/2015/04/clomiphene-brand-name.html

Dr. တင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.