Belgium ဘရပ်ဆဲလ်မြို့က စကားဝိုင်း

ကမ္ဘာ့ဖလားဘောလုံးပွဲ ဒုတိယကွာတာဖိုင်နယ်မှာ ဘရာဇီးနဲ့ ဘယ်လ်ဂျီယမ် ကန်နေကြတာ ပဌမပိုင်းမှာ ဘယ်လ်ဂျီယမ်က ၂ ဂိုးသွင်းထားတယ်။

ပြည်ပနိုင်ငံရေးဆောင်ရွက်ရစဉ်က ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ကို ၂ ကြိမ်ရောက်ဖူးတယ်။ အဲဒီမှာ ယူရိုဘားမားရုံး ရှိတယ်။

တခါတော့ ယူရိုဘားမားရုံးမှာလုပ်ကိုင်ပေးနေတဲ့ ဗြိတိသျှလင်မယားတို့နေအိမ်မှာတည်းခိုရပါတယ်။ ညစာစားဖို့ ဘယ်လ်ဂျီယမ်မှာပဲနေထိုင်တဲ့ ကရင်လူမျိုးတဦးကိုပါ ဖိတ်တယ်။ သူက ကျွန်တော့်ထက် အသက်ရော ဝါရောကြီးတယ်။ ဗြိသတိသျှကိုလိုနီလက်အောက်မှာ အင်္ဂလိပ်တွေက ကရင်တွေကို အတော်ဦးစားပေးလို့ ကရင်တွေက အလွန် သဘောကျတယ်။ စကားဝိုင်းမှာ အဲဒီ ကရင်အမျိုးသားကြီးက အင်္ဂလိပ်တွေကောင်းကြောင်းနဲ့ ဗမာတွေမကောင်းကြောင်း ပြောတယ်။ ဗမာဆိုလို့ကျွန်တော်တယောက်တည်းသာပါတယ်။ ကျွန်တော်က ပြန်လည်ချေပတာ မလုပ်ပါ။

နောက်နေ့ရောက်တော့ အားနာတဲ့မျက်နှာနဲ့ အိမ်ရှင်အင်္ဂလိပ်အမျိုးသမီးက ကျွန်တော်ရဲ့သည်းခံနိုင်စွမ်းကို ချီးမွမ်းပါတယ်။ ကျွန်တော်က ပရိုဖိုင်းလ်ဓါတ်ပုံထဲကလိုပဲ ပြုံးနေခဲ့ပါတယ်။ ဘောာလုံးပွဲနားချိန်မှာ ဒီစာကိုရေးပါတယ်။

ဒေါက်တာတင့်ဆွေ
၆-၇-၂ဝ၁၆
နေ့ ၃ နာရီ ၃ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး