ထွတ်ချာဒေဝီ
ထွတ်ချာဒေဝီ (မင်းရွှေဥ)
ငယ်သူငယ်ချင်းတယောက်က တင်ထားတာ အခုပဲဖတ်ရတယ်။ ကျေးဇူး။
ထွတ်ချာဒေဝီ (မင်းရွှေဥ) ဟာ ဥဇနာမင်း ကောက်တော်မူခဲ့တဲ့ ဆိတ်ထိန်းကမ်းဖြူရွာသူ ဖွားစောနဲ့ ဘုရင်မင်းခေါင်၏ မိဖုရား သင်္ခသူငယ်၊ သမီးရှင်ဘို့မယ်တို့လောက် မင်းဆက်မများပေမယ့် မင်းသုံးဆက်မိဖုရားမြှောက်ခြင်းခံရသူဖြစ်ပါတယ်။ နောက်မင်းနှစ်ဆက် ကောက်တဲ့အခါမှာတော့ ထွတ်ချာဒေဝီဟာ အဖတ်မတင်တဲ့ကလေးနှစ်ယောက်မိခင် မုဆိုးမလေး ဖြစ်နေပါပြီ။ အိမ်ထောင်ရှိတွေ၊ ကလေးအမေမုဆိုးမလေးတွေကို ချစ်မြတ်နိုးတတ်တဲ့ ဘုရင်တွေလည်း ရှိပါသေးတယ်။ တစီးရှင်သီဟသူကောက်တဲ့ လင်းယဉ်ရွာသူလေးဟာ ကလေးတယောက်အမေ မုဆိုးမဖြစ်သလို၊ ရာဇာဓိရာဇ်ကောက်ပြီး ပီယရာဇဒေဝီအဖြစ်မိဖုရားမြှောက်ခဲ့တဲ့ ပန်းသည် (မွန်ရာဇဝင်၌ ဆီသည်ဟုပြ) မွေမနိတ်တို့ဟာ ထင်ရှားကြပါတယ်။့
တစီးရှင်သီဟသူကို နောက်သမိုင်းစာရေးသူတွေက တစ်စီးရှင်လို့ အမည်ပြောင်းထားကြသလား မသိပါ။
မြန်မာစာမုဆိုးမကို မိဖုရားမြှောက်တာလည်း မင်းသုံးလေးဆက်ရှိပြီ။
အဖတ်မတင်တဲ့ မုဆိုးမမဖြစ်ရလေအောင် ကလေးမွေးတိုင်း အဖတ်တင်ကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ
၈-၇-၂ဝ၁၈

Comments
Post a Comment