ကျွန်တော်လည်း

ကျွန်တော်လည်း (၁)

ကျွန်တော်လည်း အင်နယ်လ်ဒီ။ ပါတီဝင်နံပတ်တော့ မမှတ်မိ။
တိုက်ပွဲဝင်ကာလမှာ အဖွဲ့ချုပ်လို့ခေါ်ခဲ့၏။
အာဏာရတော့ တချို့နေရာတွေမှာ ပါတီယူနစ်လို့ အပြောခံထိ။
ပျက်အစဉ် ပြင်ခဏလို့ ဆိုရိုးစကားရှိ။
ပြင်ချိန်ယူတာ ၂၆ နှစ်တော့ ကြာမယ်မထင်မိ။
ကျွန်တော်လည်း အင်နယ်လ်ဒီ။ အခုတော့ ဟုတ်သေးလားမသိ။

ဒေါက်တာတင့်ဆွေ
၇-၇-၂ဝ၁၈

ကျွန်တော်လည်း (၂)

တပ်က နိုင်ငံရေးလုပ်တယ်လို့ အတော်ပြောကြတယ်။

တပ်က နိုင်ငံရေးမလုပ်ပါ။

ကျွန်တော်လည်း တပ်သားမလုပ်ပါ။

ဒေါက်တာတင့်ဆွေ
၇-၇-၂ဝ၁၈

ကျွန်တော်လည်း (၃)

ကျွန်တော်လည်း (၁) အောက်မှာ ဆရာတင့်ခံစားချက်တွေလို့ ကွန်မင့်တခုရတယ်။

တလခွဲကြာခရီးစဉ်မှာ ခံစားချက်တွေ ရေးပြီးပြီ။ နေပူတယ်။ မိုးရွာတယ်။ စားလို့အလွန်ကောင်းတယ်။ လူအစစ်တွေနဲ့ တွေ့ရတာ စကားပြောရတာ တကယ်ကျေနပ်ဝမ်းသာတယ်။ အခု လွမ်းနေတယ်။

တချို့က ဘယ်လိုမြင်ခဲ့ပါသလဲ မေးကြတယ်။ ကျွန်တော် တခါမှာ စိတ်ကူးယဉ် ဖစ်ရှင် မရေးဘူးပါ။

ဒေါက်တာတင့်ဆွေ
၇-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး