ဝီရိယ

ကံ ဥာဏ် ၀ီတိရလို့ရေးတာတခု အခုပဲဖတ်ရတယ်။ ဝီရိယလို့သာ ရေးရပါတယ်။

အဲဒီခေတ်မှာ မြန်မာစာကို ကောင်းကောင်း မှန်မှန်သင်ပုံမရ။ ဝီရိယ = ကြိုးစားအားထုတ်မှု။

ဝိ
ဝ မရှိဘဲ ဝိ မလုပ်ပါနှင့်
ဝိဇယုတ်ခရုသင်း
ဝိတက်များသည်
ဝိဓိုရ်အမတ်
ဝိနာဘာဝ
ဝိပါက်တရား
ဝိဘင်းပါဠိတော်
ဝိမာနဝတ္ထု
ဝိဂြိုဟ်ဖွင့်သည်
ဝိလာခါကျောင်းအမ
ဝိဝါဒဖြစ်
ဝိဝါဟမင်္ဂလာ
ဝိသကြိုနတ်
ဝိသုဒ္ဓိမဂ်
ဝိဒေဟရာဇ်မင်း
ဝိသေသနပုဒ်

ဝီ
ကိန္နရာဒေဝီ
မိုဃ်း (မိုး) နတ်ဒေဝီ
ဝီစကီအရက်
ဝီရိယလုံ့လ
အမရာဒေဝီ
အဝီစိငရဲ
ဒေဝီမိဘုရား
မေဓါဝီရသေ့

ကျွန်တော်တို့ငယ်ငယ်က မိဘများအိမ်မှာ ချင်းတွင်းမြစ်အနောက်ဖက်က အမျိုးတွေ မိတ်ဆွေတွေရဲ့ သားသမီးတွေ ကျောင်းလာနေကြတယ်။ ကျွန်တော့်အဖေက အင်မတန်စည်းကမ်းကြီးတာ။ မနက်လင်းရင် ကျောင်းသားတွေကိုနိုးပြီ။ တော်တော်နဲ့ နိုးမရရင် ဆူပြီ။ ဝီရိယကို မရှိကြဘူး။ ငယ်တဲ့အရွယ်တွေက ဝီရိယဆိုတာ ဘာလဲ မသိကြ။ တယောက် တယောက်ကြည့်ပြီး ဝီရိယသိလား။ ငါလည်း မသိဘူးတဲ့။ အခုတော့ သူတို့အားလုံး လုံ့လဝီရိယကို ကောင်းကောင်း သိနေကြပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး